မောင်လေးတွေဘဲ ကြိုက်တယ်ဆိုတဲ့ အဆိုတော် ဆိုဇီယာ

မောင်လေးတွေဘဲ ကြိုက်တယ်ဆိုတဲ့ အဆိုတော် ဆိုဇီယာ

Myanmar Idol Season 2 ရဲ့ သီချင်းဆိုပြိုင်ပွဲကြီးကနေ စတင်ကာ ပရိသတ်တွေရဲ့ အားပေးဝန်းရံခြင်းကိုရရှိခဲ့တဲ့ အဆိုတော် ဆိုဖီယာ ဟာ နောက်ပိုင်းမှာတော့ Crush On You ဆိုတဲ့ တစ်ကိုယ်တော်တေးသီချင်းထွက်ရှိခဲ့ပြီး အဲ့သီချင်းဟာ အွန်လိုင်းပေါ်မှာ အတော်လေး ဟစ်ဖြစ်ခဲ့ပါတယ်။ ဆိုဖီယာက သီချင်းဘက်မှာအောင်မြင်နေရုံသာ မက သရုပ်ဆောင်နဲ့ ပတ်သက်ပြီးလဲ ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးထားတာရှိသလို အမိုက်စား MV တွေလဲ ရိုက်ကူးလေ့ရှိပါတယ်။ သူက အချစ်ရေးပတ်သက်ပြီး လတ်တလောမှာတော့ Single တစ်ဦးအဖြစ်ရပ်တည်နေကာ သူမသဘောကြတဲ့ အမျိုးသားပုံစံကိုလဲပြောပြလာပါတယ်။

သူမပြောခဲ့တာကတော့ “ ခုက Single ဘဲ ဒါပေမယ့် ညီမနားမှာ မောင်လေးတွေ များတယ် ညီမကအထာပေးတာ မဟုတ်ဘူး ညီမကိုအထာပေးတာ ညီမကအထာပေးခံရတာ အသက်၂၇ နှစ်ဘဲ ရှိနေပြီ ကိုယ်ကလဲ သိတာပေါ့ ဒါပေမယ့်လဲ ကိုယ်ကလဲ ဘာမှပြန်မလုပ်ပေးနိုင်ဘူးလေ အဲ့တာအဓိကဘဲ အဓိကက အသက်နဲ့ မဆိုင်ဘူး တစ်ချို့ကြတော့ အသက်ငယ်ငယ်လေးနဲ့ ရင့်ကျက်ကြတဲ့ မောင်လေးတွေရှိတယ် အကိုကြီးတွေကို သိပ်မကြိုက်ဘူး မောင်လေးတွေကို ပိုကြိုက်တယ် အသက်ကြီးတဲ့သူတွေ အသက်နဲ့ ရုပ်ကိုကြည့်တာနဲ့ ဦးဆောင်နိုင်တာ သိနေ ရတော့လဲ တစ်မျိုးဘဲ”

“ နောက်ပြီးကိုယ့်ကို အုပ်ချုပ်တာမျိုးလဲ သိပ်မကြိုက်ပြန်ဘူး ။ ညီမကိုယ်ညီမတောင်မသိဘူး အရမ်းလွတ်လပ်လ ပ်တာမျိုးလဲမဟုတ်ဘူး ညီမရဲ့ အလုပ်မျိုးကို နားလည်နိုင်တဲ့ သူမျိုး ဖြစ်ရမယ် ပျော်ရပါးရတာကြိုက်တယ် အဲ့လိုပျော်ပါးတာကို တစ်ချို့ကောင်လေးတွေက သိပ်မကြိုက်ဘူး အာ့ဆိုရင်အဆင်မပြေဘူး အာ့ကြောင့်လဲ ကိုကြီးတွေနဲ့ မဖြစ်တာ” လို့ ဆိုပြီး သူကြိုက်တဲ့ အမျိုးသားရဲ့ ပုံစံကို ပြောပြလာခဲ့ပါတယ်။

သူမဟာ သီချင်းအသစ်နဲ့ ပတ်သက်ပြီးတော့လဲ “ သီချင်းတွေအနေနဲ့ကတော့ တရုတ်ပြည် ကြ ပန်လာရင်တော့ သီချင်းအသစ်တစ်ပုဒ်ထွက်ဖို့ရှိတယ် ။ လောလောဆယ်တော့ တရုတ်ြ ပည်သွားဖို့ရှိပါတယ်” လို့ ဆိုကာ ပြောပြခဲ့ပါတယ်။

ဖတ်ရှု့ပေးကြတဲ့ မိုမိုလေးချစ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

May Phyo(mml)
Source – momolay tv

Comments are closed.