တက်တူးတွေကို မိတ်ကပ်နဲ့ဖုံးပြီး စင်ပေါ်တက်ခဲ့တဲ့ အကြောင်းအရင်းကို ရှင်းပြခဲ့တဲ့ ဟန်နေလွင်လွင်

တက်တူးတွေကို မိတ်ကပ်နဲ့ဖုံးပြီး စင်ပေါ်တက်ခဲ့တဲ့ အကြောင်းအရင်းကို ရှင်းပြခဲ့တဲ့ ဟန်နေလွင်လွင်

တစ်ချိန်က ပရိသတ်တွေ အားပေးနှစ်ခြိုက်ခဲ့ရတဲ့ အဆိုတော်ကြီး ရင်ဂိုက အခုချိန်ထိတိုင် နာမည်မကျသေးပဲ အနုပညာလောကမှာ အောင်မြင်စွာ ရပ်တည်နေတာ ဖြစ်ပါတယ်။ ရင်ဂိုရဲ့ သားနဲ့ သမီးဖြစ်သူ ဟန်ထူးလွင်နဲ့ ဟန်နေလွင်လွင်တို့ကလည်း ဖခင်ဖြစ်သူရဲ့ ခြေရာကို အပြည့်အဝ နင်းနိုင်ပြီး ကိုယ်ပိုင် Band တွေနဲ့ အနုပညာလောကမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ ဟန်ထူးလွင်က Big Bag Band နဲ့ အလုပ်လုပ်နေသလို ဟန်နေလွင်လွင်ကလည်း Hannay and The Zens ဆိုတဲ့ Band ကို တည်ထောင်ထားတာ ဖြစ်ပါတယ်။

ဟန်ထူးလွင်နဲ့ ဟန်နေလွင်လွင်က ပြီးခဲ့တဲ့ စက်တင်ဘာလ (၁၄) ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ရင်ဂိုရဲ့ FG Live Lounge ပွဲကြီးမှာ ဖခင်ဖြစ်သူနဲ့ အတူတူ ဖျော်ဖြေသီဆိုခဲ့တာကို တွေ့ရပါတယ်။

ဟန်နေလွင်လွင်က ညာဘက်လက်တစ်ချောင်းလုံးကို တက်တူးအပြည့်ထိုးထားတဲ့သူဖြစ်ပေမယ့် ထိုနေ့ပွဲမှာ စင်ပေါ်ကို တက်လာချိန်မှာတော့ လက်ကတတ်တူးတွေ မရှိတော့တာမို ့ပရိသတ်တွေက ထူးဆန်းနေတာပဲ ဖြစ်ပါတယ်။

ပရိသတ်တွေ စိတ်ဝင်စားနေကြတဲ့ ထိုကိစ္စနဲ့ ပက်သတ်ပြီး ဟန်နေလွင်လွင်က ” Tv မှာမိန်းကလေး ဆို tattoo ဖုန်းရလို့ makeup နဲ့ဖုံးထားတာပါ။” ဆိုပြီး ပြန်လည်ရှင်းပြထားပါတယ်။

ဟန်နေလွင်လွင်ဆိုတာနဲ့ တက်တူးတွေ အပြည့်နဲ့ မိန်းကလေးလို့ပဲ မြင်နေကြမို့ အခုလို တက်တူးတွေမပါပဲ တွေ့ရတော့ ပရိသတ်တွေက ထူးဆန်းနေကြတာ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: Hannay Lwin Lwin’s fb

Comments are closed.