ပုရိသကိုကိုတွေ ကြွေတဲ့ အမျိုးသမီးပုံစံမျိုးကို ပြသလိုက်တဲ့ မအေးသောင်း

ပုရိသကိုကိုတွေ ကြွေတဲ့ အမျိုးသမီးပုံစံမျိုးကို ပြသလိုက်တဲ့ မအေးသောင်း

တက်ကြွလန်းဆန်းတဲ့ အေးဝတ်ရည်သောင်းဆိုတဲ့ ချစ်စရာကောင်မလေးမှ ရင့်ကျက်တည်ငြိမ်တဲ့ အလှတရားပိုင်ရှင်လေး မအေးသောင်းအဖြစ် ပရိသတ်တွေရဲ့ရင်ထဲကို ပြန်လည်ရောက်ရှိလာတဲ့ သရုပ်ဆောင် အေးဝတ်ရည်သောင်းကတော့ ပရိသတ်တွေရဲ့အားပေးမှုကို တစ်နေ့တစ်ခြား ပိုပိုတိုးပြီး ရရှိလာသူလေးပါ။ လတ်တလောမှာတော့ မအေးသောင်းက ပုရိသကိုကိုတွေကြွေတဲ့ အမျိုးသမီးပုံစံမျိုးကို ပြသလိုက်တာ တွေ့ရပါတယ်။ မြန်မာဆန်ဆန်နဲ့ အရမ်းကို တည်ငြိမ်နေတဲ့ မအေးသောင်းရဲ့ပုံရိပ်တွေကတော့ သေချာကြည့်လေ တစိမ့်စိမ့်နဲ့ ကြွေချင်စရာကောင်းလေပဲ ဖြစ်နေတာပါနော်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် တစ်နှစ်ထက်တစ်နှစ် ပိုပိုပြီး တည်ငြိမ်ရင့်ကျက်လာတဲ့ မအေးသောင်းရဲ့အလှပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

မအေးသောင်းကတော့ “ရွှေဘိုမြို့မှ မယ်မဒီစတိုးဆိုင်ဖွင့်ပွဲကိုရောက်ခဲ့ပါတယ်ရှင့်။ ဆထက်တ်ုးပြီး အောင်မြင်ပါစေရှင့်။ရွှေဘိုမှာ မယ်မဒီကြောင့် ပိုလှကြတာ ပိုဝတ်တတ်လာကြတာ ဆိုတဲ့ မြို့ခံတွရဲ့အသံလေးတွေကြောင့်လည်း ပိုကျေနပ်ခဲ့ရပါတယ်။မထင်မှတ်လောက်အောင် လာအေးပေးကြတဲ့ ရွှေဘိုမှ အမျိုးတွေကိုလည်း အထူးကျေးဇူးတင်ပါတယ်ရှင့် 🙏🙏🙏🙏” ဆိုပြီး သူမရဲ့ပွဲတက်ပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။

စကားအရမ်းတတ်တဲ့ မအေးသောင်းကတော့ ချစ်စရာ ကဗျာလေးတွေရေးပြီးတော့လည်း ပရိသတ်တွေနဲ့ အဆက်အသွယ်လုပ်လေ့ရှိတာ တွေ့ရပါတယ်။ ပရိသတ်တွေကို တန်ဖိုးထားတဲ့ မအေးသောင်းကတော့ သူမရဲ့အနုပညာကို အကောင်းဆုံးလုပ်ပြီး ရှေ့ဆက်နေတာပါနော်။

သရုပ်ဆောင်ပိုင်းမှာလည်း ထူးချွန်တဲ့ မအေးသောင်းကတော့ အမြဲလိုလို အကယ်ဒမီ ဆုြ ကီး နဲ့ လွဲချော်ခဲ့ရပေမယ့်လည်း ပရိသတ်တွေရဲ့ရင်ထဲက အကယ်ဒမီကိုတော့ ပိုင်ဆိုင်ထား သူလေးပါ။ မအေးသောင်းကတော့ လတ်တလောမှာ ကြော်ြ ငာတွေဆက်တိုက်ရိုက်ကူးြ ဖစ်နေပြီး ရုပ်ရှင်တွေလည်း ရိုက်ကူးဖို့ လက်ခံထားတာတွေ ရှိတယ်လို့လည်း သိရပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းကို တည်ငြိမ်အေးချမ်းလွန်းတဲ့ မအေးသောင်းရဲ့အလှကို သဘောကျရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Nyein
Source;Aye Thaung’s Facebook
Phito- Li John Ljl

Comments are closed.