မွေးနေ့မှာပရိသတ်တွေကို အိမ်ဖိတ်ပြီး သူမကိုယ်တိုင် အသုပ်စုံ သုပ်ကျွေးခဲ့တဲ့ နန်းဆုရတီစိုးရဲ့ဗီဒီယို

မွေးနေ့မှာပရိသတ်တွေကို အိမ်ဖိတ်ပြီး သူမကိုယ်တိုင် အသုပ်စုံ သုပ်ကျွေးခဲ့တဲ့ နန်းဆုရတီစိုးရဲ့ဗီဒီယို

အရုပ်မလေးလို ချစ်စရာကောင်းလွန်းလို့ ပရိသတ်တွေ အရမ်းချစ်ကြတဲ့ အဆိုတော် မင်းသမီးချောလေး နန်းဆုရတီစိုးကတော့ ပရိသတ်တွေကိုလည်း တန်ဖိုးထား တာကြောင့် We Love တွေရဲ့အချစ်ကို အပြည့်အဝရရှိထားတာပါ။ လတ်တလောမှာတော့ နန်းဆုလေးက သူမရဲ့မွေးနေ့မှာ ပရိသတ်တွေကို အိမ်အထိဖိတ်ပြီး သူမကိုယ်တိုင် အသုပ်စုံ သုပ်ကျွေးခဲ့တာ တွေ့ရပါတယ်။ အချစ်ရေး အဆင်မပြေတဲ့ စိတ်ထိခိုက်နေတဲ့ အခြေအနေမှာတောင် သူမပရိသတ်တွေအတွက် သာမာန် တွေ့ဆုံမှုထက် ပိုပြီး မိသားစုဆန်လှတဲ့ နန်းဆုရဲ့နွေးထွေးမှုကတော့ ပရိသတ်တွေအကုန်လုံးကို စိတ်လှုပ်ရှားစေခဲ့တာပါ။

မိုမိုလေးချစ်ပရိသတ်တွေအတွက် သူမကိုယ်တိုင်ကိုယ်ကျ အသုပ်စုံကို နယ်ဖတ်ပြီး ပရိသတ်တွေကို ကျွေးမွေးနေတဲ့ နန်းဆုရတီစိုးရဲ့ဗီဒီယိုလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

အဆိုပါဗီဒီယိုလေးကိုတော့ နန်းဆုရတီစိုးရဲ့ပရိသတ်တစ်ဦးက လူမှုကွန်ယက်မှာ ဝေမျှပေး ခဲ့တာပဲ ဖြစ်ပါတယ်။ နန်းဆုရတီစိုးရဲ့မွေးနေ့ အမှတ်တရပွဲလေးကိုတော့ မနေ့က စက်တင်ဘာလ (၁၅) ရက်နေ့က သူမရဲ့ပရိသတ်တွေနဲ့ နေအိမ်မှာ ပျော်ပျော်ပါးပါး ကျင်းပခဲ့တာပါ။ နန်းဆုရတီစိုးရဲ့မွေးနေ့ပွဲလေးမှာတော့ We Love အဖွဲ့ဝ င်တွေနဲ့ မုန့်တွေအတူစား၊ လက်ဆောင်တွေပေးခဲ့တာလည်း တွေ့ရပါတယ်။

နန်းဆုကိုယ်တိုင် အသုပ်စုံသုပ်နေတဲ့ ချစ်စရာဗီဒီယိုလေး


Nyein
Video;Moe Thandar Kyi

Comments are closed.