ဒီကနေ့ စက်တင်ဘာလ (၁၇) ရက်နေ့မှာ ကျရောက်တဲ့ ပိုင်တံခွန်ရဲ့ (၂၃) နှစ်ပြည့်မွေးနေ့

ဒီကနေ့ စက်တင်ဘာလ (၁၇) ရက်နေ့မှာ ကျရောက်တဲ့ ပိုင်တံခွန်ရဲ့ (၂၃) နှစ်ပြည့်မွေးနေ့

နိုင်ငံကျော် မင်းသားတစ်ယောက်ဖြစ်တဲ့ ပိုင်တံခွန်က ရုပ်ရည်ချောမောသလို ယောကျာ်း ဆန်တဲ့ ခန္ဒာကိုယ်တို ပိုင်ဆိုင်ထားပြီး မိန်းကလေးတွေရဲ့ အသည်းစွဲ မင်းသားတစ်ဦးြ ဖစ်ပါတယ်။ ပိုင်တံခွန်က အခုဆိုရင် သူ့ရဲ့ ဆန်းအတက်ဆုံးအချိန်ကို ရောက်ရှိနေပြီဖြစ်ပြီး တိုင်းတစ်ပါးထိပါ အောင်မြင်မှုတွေ ထိုးဖောက်နေတာ ဖြစ်ပါတယ်။ ပိုင်တံခွန်က အခုဆိုရင် ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံကို ကူးလူးပြီး အနုပညာလုပ်ငန်းတွေ လုပ်ကိုင်နေလျက်ရှိပါတယ်။

ဒီကနေ့ စက်တင်ဘာလ (၁၇)ရက်နေ့ကတော့ ပိုင်တံခွန်ရဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ပိုင်တံခွန် ကို (၁၉၉၆) ခုနှစ် စက်တင်ဘာလ (၁၇) ရက်နေ့က မွေးဖွားခဲ့တာဆိုတော့ ဒီနေ့ဆိုရင် ပိုင်တံခွန်ရဲ့ အသက်က (၂၃) နှစ် ပြည့်သွားပြီပဲ ဖြစ်ပါတယ်။

ပိုင်တံခွန်ကတော့ မွေးနေ့မှာ ရုပ်ရှင်ရိုက်နေရတာမို့ ထွေထွေထူးထူး ဘာမှမလုပ်နိုင်ပေမယ့် သူ့ကို ချစ်ကြတဲ့ ထိုင်းနဲ့ မြန်မာပရိသတ်တွေကတော့ ကောင်းမှုကုသိုလ်တွေကို ပြုလုပ်ပေးနေ တာကို တွေ့ရပါတယ်။

ပိုင်တံခွန်ကတော့ (၂၃) နှစ်ဆိုတဲ့ အရွယ်မှာတင် တိုင်းတစ်ပါးထိ အောင်မြင်နေတာကို တွေ့ရတာ အားကျဝမ်းသာစရာပါပဲ။ ပိုင်တံခွန်က လက်ရှိမှာလည်း သူချစ်တဲ့ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေတာကို တွေ့ရပါတယ်။

ပိုင်တံခွန်ကတော့ အသက်တစ်နှစ်ကြီးလာတာနဲ့ ရင့်ကျက်လာပြီး အောင်မြင်မှုတွေ တိုးပွား လာတာ ဖြစ်ပါတယ်။ ပိုင်တံခွန်တစ်ယောက် မွေးနေ့မှစ ချစ်ရတဲ့ မိသားစုနဲ့အတူတူ ပျော်ရွှင်စွာ နေထိုင်နိုင်ပြီး အောင်မြင်မှုအပေါင်း သရဖူဆောင်းနိုင်ပါစေလို့ မိုမိုလေးမှ ဆုတောင်းပေး လိုက် ပါတယ်နော်။

Rowena

Comments are closed.