နှင်းဆီပရိသတ်ကြီးကို မညာချင်လို့ ၂နှစ်ကျော်ထားခဲ့တဲ့ ဆံပင်တွေကိုစွန့်ခဲ့တယ်ဆိုတဲ့ စည်သူဝင်း

နှင်းဆီပရိသတ်ကြီးကို မညာချင်လို့ ၂နှစ်ကျော်ထားခဲ့တဲ့ ဆံပင်တွေကိုစွန့်ခဲ့တယ်ဆိုတဲ့ စည်သူဝင်း

နေ့စဉ် ည (၇) နာရီတိုင်း ပရိသတ်တွေ စိတ်ဝင်တစား စောင့်မျှော်ကြည့်ရှုခဲ့ရတဲ့ “နှင်းဆီ” ဇာတ်လမ်းတွဲက တဖြည်းဖြည်းနဲ့ ဇာတ်ရှိန်အမြင့်ဆုံးကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ “နှင်းဆီ” ဇာတ်လမ်းတွဲရဲ့ အပိုင်း (၂၄) နောက်ဆုံး ဇာတ်သိမ်းပိုင်းကို ထုတ်လွှင့်ပြသမှာပဲ ဖြစ်ပါတယ်။ လေးပတ်တာမျှ စွဲစွဲလန်းလန်း ကြည့်ရှုခဲ့ရတဲ့ ဇာတ်လမ်းတွဲ ကြီး ဇာတ်သိမ်းတော့မယ်ဆိုတော့ ပရိသတ်တွေက ဝမ်းနည်းနေကြတာကို တွေ့ရပါတယ်။

မနေ့က အပိုင်း (၂၃) မှာတော့ နှင်းတစ်ယောက် သူမဘဝကို အနှောင့်အယှက်ပေးခဲ့တဲ့ တင်မောင်ကျော်ကို အကွက်ချပြီး ချောက်ချဖို့ ကြံစည်ခဲ့ပြီး ကိုယ့်ကိုကိုယ် သေကြောင်းကြံခဲ့တာကို တွေ့ရမှာ ဖြစ်ပါတယ်။ မိန်းကလေးတွေက အရုပ်လို သဘောထား ဆက်ဆံခဲ့တဲ့ တင်မောင်ကျော်လည်း နှင်းနဲ့ကျမှ ဘယ်လိုတွေ တန်ပြန်ခံစားရမလဲဆိုတာကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။

ဒီကနေ့ “နှင်းဆီ” ဇာတ်လမ်းတွဲ ဇာတ်သိမ်းပိုင်းမှာတော့ တင်မောင်ကျော်တစ်ယောက် ဘယ်လို ပြစ်ဒဏ်မျိုး ကျခံရမလဲဆိုတာကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ သေချာတာကတော့ တင်မောင်ကျော်က နှင်းကို သတ်တယ်ဆိုတဲ့အမှုနဲ့ ထောင်နန်းစံရမှာ ဖြစ်ပါတယ်။

တင်မောင်ကျော်အဖြစ် သရုပ်ဆောင်ထားတဲ့ စည်သူဝင်းက “နှင်းဆီ ပရိတ်သတ်ကြီးကို မညာချင်လို့ အစစ်တွေဘဲပေးချင်လို့ ၂နှစ်ကျော်ထားခဲ့တဲ့တန်းဖိုးထားရတဲ့ ဆံပင်ကိုစွန့်ခဲ့တယ်🌹 ကျေနပ်တယ်🙏” ဆိုပြီး ဇာတ်သိမ်းပိုင်းမှာ သူမြတ်နိုးခဲ့ရတဲ့ ဆံပင်တွေကို ဖြတ်ခဲ့ရတယ်လို့ သိရပါတယ်။

တင်မောင်ကျော်ကတော့ နောက်ဆုံး အဆုံးသတ်မှာ ဘာတွေဖြစ်မလဲဆိုတာ စိတ်ဝင်စားစ ရာပါပဲ။ ပရိသတ်ကြီးလည်း ဒီနေ့ပြသမယ့် “နှင်းဆီ” ဇာတ်လမ်းတွဲ ဇာတ်သိမ်းပိုင်းကို စော င့်မျှော် အားပေးဖို့ မမေ့ပါနဲ့နော်။

Rowena
Source: Si Thu Win’s fb

Comments are closed.