ထိုင်းလူမျိုးအဆိုတော် Lalita Wan Wan ကိုယ်တိုင်သီ ဆိုထားတဲ့ ပိုင်တံခွန်အတွက် ဂုဏ်ပြုတေးသီချင်း

ထိုင်းလူမျိုးအဆိုတော် Lalita Wan Wan ကိုယ်တိုင်သီဆိုထားတဲ့ ပိုင်တံခွန်အတွက် ဂုဏ်ပြုတေးသီချင်း..

ပိုင်တံခွန်လို့ဆိုလိုက်တာနဲ့ အရပ်ရှည်ရှည်၊ ခန္ဓာကိုယ်ကြံ့ခိုင်သန်စွမ်းပြီး တက်တူးအပြည့် အပြုံးချိုသူကြီးတစ်ယောက်ကို မြင်ယောင်မိ ကြမယ်ထင်ပါတယ်။ နိုင်ငံတကာမှာလည်း အောင်မြင်မှုတွေအပြည့်ရရှိနေတဲ့

ပိုင်တံခွန်ဟာ ထိုင်းနိုင်ငံမှာတော့ သူ့ကိုချစ်ကြတဲ့ပရိသတ်တွေ အခိုင်အမာရရှိထားတာဖြစ်ပါတယ်။ Fan Meeting ပြုလုပ်ရတဲ့အထိကို ထိုင်းနိုင်ငံမှာ အောင်မြင်ခဲ့တဲ့ ပိုင်တံခွန်ဟာ (၂၀၁၉) ခုနှစ်နဲ့ (၂၀၂၀) ခုနှစ်တို့မှာ ထိုင်းနိုင်ငံနဲ့ပူးပေါင်းပြီး အနုပညာအလုပ်တွေများစွာကို ပူးပေါင်းလုပ်ဆောင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ပိုင်တံခွန်တစ်ယောက် နိုင်ငံရေးပြစ်ဒဏ်အဖြစ် ထောင်ဒဏ် (၃) နှစ်ချမှတ်ခံခဲ့ရတဲ့သတင်းဟာ ပြည်တွင်းပြည်ပမီဒီယာ တွေမှာ ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့ပါတယ်။ ပိုင်တံခွန်အတွက် ပရိသတ်တွေက စိတ်မကောင်းဖြစ်နေကြသလို ဒီတစ်ခါမှာလည်း ထိုင်းလူ မျိုးအဆိုတော် Lalita Wan Wan က “ပိုင်တံခွန်”လို့ အမည်ရတဲ့ သီချင်းလေးတစ်ပုဒ်ကို ဂုဏ်ပြုသီဆိုပေးခဲ့တာကို အခုလိုပဲ တွေ့ရပါတယ်။

Advertisement

ပိုင်တံခွန်ကတော့ အကျဉ်းထောင်ကိုရောက်ရှိနေတာမို့ သူ့ကိုချစ်ကြတဲ့ ပြည်တွင်းပြည်ပကပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကို ကိုယ် တိုင်မမြင်တွေ့နိုင်ပေမယ့် ပရိသတ်တွေရဲ့မေတ္တာကို ခံစားသိရှိနိုင်မယ်ဆိုတာ သေချာပါတယ်။

Source: Proud of Myanmar’s fb

[zawgyi]

ထိုင္းလူမ်ိဳးအဆိုေတာ္ Lalita Wan Wan ကိုယ္တိုင္သီဆိုထားတဲ့ ပိုင္တံခြန္အတြက္ ဂုဏ္ျပဳေတးသီခ်င္း..

Advertisement

ပိုင္တံခြန္လို႔ဆိုလိုက္တာနဲ႔ အရပ္ရွည္ရွည္၊ ခႏၶာကိုယ္ႀကံ့ခိုင္သန္စြမ္းၿပီး တက္တူးအျပည့္ အၿပဳံးခ်ိဳသူႀကီးတစ္ေယာက္ကို ျမင္ေယာင္မိ ၾကမယ္ထင္ပါတယ္။ ႏိုင္ငံတကာမွာလည္း ေအာင္ျမင္မႈေတြအျပည့္ရရွိေနတဲ့

ပိုင္တံခြန္ဟာ ထိုင္းႏိုင္ငံမွာေတာ့ သူ႔ကိုခ်စ္ၾကတဲ့ပရိသတ္ေတြ အခိုင္အမာရရွိထားတာျဖစ္ပါတယ္။ Fan Meeting ျပဳလုပ္ရတဲ့အ ထိကို ထိုင္းႏိုင္ငံမွာ ေအာင္ျမင္ခဲ့တဲ့ ပိုင္တံခြန္ဟာ (၂၀၁၉) ခုႏွစ္နဲ႔ (၂၀၂၀) ခုႏွစ္တို႔မွာ ထိုင္းႏိုင္ငံနဲ႔ပူးေပါင္းၿပီး အႏု ပညာအလုပ္ေတြမ်ားစြာကို ပူးေပါင္းလုပ္ေဆာင္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းက ပိုင္တံခြန္တစ္ေယာက္ ႏိုင္ငံေရးျပစ္ဒဏ္အျဖစ္ ေထာင္ဒဏ္ (၃) ႏွစ္ခ်မွတ္ခံခဲ့ရတဲ့သတင္းဟာ ျပည္တြင္းျ ပည္ပ မီဒီယာ ေတြမွာ ဟိုးေလးတေက်ာ္ေက်ာ္ျဖစ္ခဲ့ပါတယ္။ ပိုင္တံခြန္အတြက္ ပရိသတ္ေတြက စိတ္မေကာင္းျဖစ္ေန ၾ ကသလို ဒီတစ္ခါမွာလည္း ထိုင္းလူ မ်ိဳးအဆိုေတာ္ Lalita Wan Wan က “ပိုင္တံခြန္”လို႔ အမည္ရတဲ့ သီခ်င္းေလးတစ္ပုဒ္ကို ဂုဏ္ျပဳသီဆိုေပးခဲ့တာကို အခုလိုပဲ ေတြ႕ရပါတယ္။

ပိုင္တံခြန္ကေတာ့ အက်ဥ္းေထာင္ကိုေရာက္ရွိေနတာမို႔ သူ႔ကိုခ်စ္ၾကတဲ့ ျပည္တြင္းျပည္ပကပရိသတ္ေတြရဲ႕ အားေပးဝန္းရံမႈေတြကို ကိုယ္ တိုင္မျမင္ေတြ႕ႏိုင္ေပမယ့္ ပရိသတ္ေတြရဲ႕ေမတၱာကို ခံစားသိရွိႏိုင္မယ္ဆိုတာ ေသခ်ာပါတယ္။

Advertisement

Be the first to comment

Leave a Reply

Your email address will not be published.


*