သာမာန်လူတွေလို ပကာသနမရှိပဲ လမ်းဘေးမှာ မုန့်ထိုင်စားခဲ့ကြတဲ့ ဖွေးဖွေးတို့ မိသားစု

သာမာန်လူတွေလို ပကာသနမရှိပဲ လမ်းဘေးမှာ မုန့်ထိုင်စားခဲ့ကြတဲ့ ဖွေးဖွေးတို့ မိသားစု

နိုင်ငံကျော် မင်းသမီးချောလေး ဖွေးဖွေးက ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင်နဲ့ အကောင်းဆုံး သရုပ်ဆောင်နိုင်သူတစ်ဦးပါပဲ။ သူမရဲ့ ထူးခြားတဲ့ သရုပ်ဆောင်စွမ်းရည်ကြောင့် အနုပညာ သက်တမ်း ၁၀ နှစ်အတွင်းမှာ အကယ်ဒမီဆုကြီး သုံးဆုတိတိကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့တာပဲဖြစ်ပါတယ်။ ဖွေးဖွေးက အခုလက်ရှိမှာလည်း သူမချစ်တဲ့ အနုပညာ လုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေလျက်ရှိပါတယ်။

ဒိတ်ဒိတ်ကြဲ အောင်မြင်နေတဲ့ မင်းသမီးတစ်လက်ဖြစ်ပေမယ့် ဖွေးဖွေးကတော့ ပကာသနမရှိပဲ ဘဝကို သူမဖြစ်ချင်သလို လွတ်လွတ်လပ်လပ် နေထိုင်လေ့ရှိတာကို တွေ့ရပါတယ်။

ဒီတစ်ခေါက်မှာလည်း ဖွေးဖွေးက သူမရဲ့ဖေဖေ၊ မေမေနဲ့အတူတူ ကျောက်မြောင်းထဲက လမ်းဘေးဆိုင်လေးတွေမှာ မုန့်ပတ်စားရင် အချိန်တွေ ကုန်ဆုံးခဲ့တာ ဖြစ်ပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် ဖွေးဖွေးတို့ မိသားစုလေးရဲ့ ပျော်စရာကောင်းတဲ့ အခိုက်အတန့်လေးကို မျှဝေပေးလိုက်ပါတယ်နော်။

လမ်းမကူးတတ်လို့ အမေကို လမ်းကူးခိုင်းနေတာတဲ့ xD

ဖွေးဖွေးကတော့ ဖေဖေ၊ မေမေနဲ့ လမ်းဘေးဆိုင်လေးမှာ မုန့်စားရင်း ငယ်ဘဝကို ပြန်ရောက် သွားသလို ဖြစ်နေမှာ သေချာပါတယ်။ ပရိသတ်ကြီးလည်း ဖွေးဖွေးတို့ မိသားစုရဲ့ ပုံရိပ်လေးကို သဘောကျရင် Like & Share လုပ်ဖို့ မမေ့ပါနဲ့နော်။

Rowena
Source: Phway Phway’s fb

Comments are closed.