ဇနီးချောလေးပါခေါ်ပြီး နေပြည်တော်က အမေ့အိမ်မှာ ဝါးတီးဆွဲခဲ့တယ်ဆိုတဲ့ လင်းလင်း

ဇနီးချောလေးပါခေါ်ပြီး နေပြည်တော်က အမေ့အိမ်မှာ ဝါးတီးဆွဲခဲ့တယ်ဆိုတဲ့ လင်းလင်း



လင်းလင်းကတော့ “နေပြည်တော်ရောက်ရင် အမေ့အိမ်မှာ ထမင်းဝါးတီးဆွဲလိုက်ရမှ ( အမှန်က စရိတ်ချွေတာ တာပါ 🥴🥴🥴 )” ဆိုပြီး ချစ်ရတဲ့ မိဘအိမ် ပြန်ရောက်တုန်း ဝါးတီးအဝဆွဲခဲ့တဲ့အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။ ထမင်းကို လက်နဲ့ အားရပါးရနယ်ပြီး စားသောက်နေတဲ့ လင်းလင်းရဲ့ပုံစံကတော့ အရမ်းကို ပွင့်ပွင့်လင်းလင်း ရှိလှပါတယ်နော်။

လင်းလင်းကတော့ မကြာခဏဆိုသလိုလည်း ချစ်ရတဲ့ ဇနီးနဲ့ သမီးတွေကိုခေါ်ပြီး မိဘနှစ်ပါးကို သွားရောက်ကန်တော့လေ့ရှိတာလည်း တွေ့ရပါတယ်။

အဆိုတော် လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံကတော့ စိတ်တူကိုယ်တူနဲ့ ပရဟိတ အလုပ်တွေကို အင်တိုက်အားတိုက်လုပ်လေ့ရှိပြီး ကလေးသူငယ်တွေ ရဲ့ကျန်းမာရေး အတွက်လည်း “ခေတ်သစ်ဖောင်ဒေးရှင်း” ကို တည်ထောင်ထားပါသေးတယ်။ ပကာသနမရှိ အေးချမ်းစွာ ဘဝကို ဖြတ်သန်းနေတဲ့ လင်းလင်းတို့ ဇနီးမောင်နှံကတော့ ပရိသတ်တွေ အားလုံးရဲ့ စံပြထားရတဲ့ အိမ်ထောင်ရေးကိုလည်း ပိုင်ဆိုင်ထားတာပါ။ မိုမိုလေးချစ် ပရိသတ်ေ တွလည်း မိဘအိမ်မှာ အရမ်းကို ရိုးရှင်းတဲ့ ထမင်းတစ်နပ်စားခဲ့ရလို့ ပီတိဖြစ်နေတဲ့ လင်းလင်း ကို သဘောကျရင် share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Htwe Lynn Ko’s Facebook

Comments are closed.