၀င်ငွေရတိုင်း အမြဲကန်တော့ တတ်တဲ့ ချစ်သူလေးကြောင့် ပီတိဖြာနေတဲ့ စည်ဖြိုး

၀င်ငွေရတိုင်း အမြဲကန်တော့ တတ်တဲ့ ချစ်သူလေးကြောင့် ပီတိဖြာနေတဲ့ စည်ဖြိုး

စည်ဖြိုးနဲ့ ခင်လွှမ်းကတော့ အနုပညာလောကရဲ့ နာမည်ကြီးဆယ်လီစုံတွဲ တစ်တွဲပါ။ တစ်ေ ယာ က်နဲ့ တစ်ယောက် နားလည် မှုနဲ့ တည်ဆောက်ထားတဲ့  relationship လေးမို့ ပရိသ တ်တွေ အားကျရတဲ့ စုံတွဲလေးပါ။ခင်လွှမ်းကတော့ မော်ဒယ် မင်းသမီးအဖြစ် ရပ်တည်နေ သူပါ။စည်ဖြိုးကတော့ သူမ အတွက် အနုပညာလောကမှာ စီနီယာတစ်ယောက် ဖြစ်သလို ချစ်သူတစ်ယောက်၊အစ်ကို တစ်ယောက်လို သူမကို စောင့်ရှောက်ပေးနေသူပါ ဆိုပြီး အင်တာ ဗျူး တွေ တိုင်းမှာလည်းချစ်သူကို အမွှင်းတင်ချီးကျူးတတ်သူလေးပါ။တွဲလာတဲ့ ချစ်သူသက် တမ်း ကတော့ နှစ်နှစ်လောက် ရှိ ပါပြီ။

စည်ဖြိုးကလည်း ချစ်သူကို မိဘတွေနဲ့ပါ မိတ်ဆက်ပေးထားပါတယ်။စည်ဖြိုးက သူ့မိဘေ တွရဲ့ နှစ် ၃၀ ပြည့် ပုလဲရတု မင်္ဂလာနှစ်ပတ်လည် ပွဲမှာ ချစ်သူကို ပွဲထုတ်ထားတာကို ကြည့်ြ ခင်း အားဖြင့် တစ်ဘဝလုံးစာ အတွက် ရည်စူး ပြီး တွဲ နေတယ်ဆိုတာကို သိသာပါတယ် ။မကြာသေးခင်ကမှ ပြီးသွားတဲ့ စည်ဖြိုးရဲ့ မွေးနေ့ မှာဆိုရင်လည်း ချစ်သူ ခင်လ ွှမ်းက တန်ဖိုး ကြီးရတနာတွေကို မွေးနေ့ လက်ဆောင် အဖြစ်ပေးခဲ့တာကိုလည်း တွေ့ရပါတယ်။စည်ဖြိုးကို ချစ်သူ တစ် ယောက် အဖြစ်တင်မကပဲ အနုပညာလောကမှာဆိုရင် သူ့ရဲ့ စီနီယာ တစ်ယောက် အဖြစ်ပါ လေးစား တယ်ဆို တာကိုတော့ ခင်လွှမ်း တင်ထားတဲ့ Post တွေ ကိုကြည့်ရင် သိနိုင်ပါတယ်။

စက်တင်ဘာ (၁၇)ရက်နေ့က စည်ဖြိုးက သိတတ်လိမ္မာလွန်းတဲ့ ချစ်သူလေးကို ချီးကျူး အမွှင်းတင်ထားပါတယ်။ ခင်လွှမ်းက ကျောက်မျက် အလုပ်၊အနုပညာအလုပ် ဘယ်ကနေပဲ ငွေ ဝင်ဝင် သူ့ ကို အမြဲ ကန်တော့ ရှာ တယ်ဆိုပြီး ချစ်သူလေးကို ချီးကျူးထားတာပါ။Post အပြည့်အစုံကတော့..

“ကျောက်မျက် အလုပ်ရယ် အနုပညာ အလုပ်ရယ်..ဘယ်ကပဲ ငွေဝင်ဝင် ကိုယ့်ကိုတော့ အမြဲ ကန်တော့ရှာတယ်..ကိုယ့်မွေးလ ဆိုတော့ပို ထူးခြားသွားတာပေါ့..ကိုယ်ကလည်းဒါတွေ အား လုံး စုပေးထားတာပါ..ကောင်းကျိုးလိုရာပြည့်စုံပါစေ……” ဆိုပြီး သိတတ်လိမ္မာလွန်းတဲ့ ချစ်သူလေးရဲ့ အကြောင်းကို စည်ဖြိုးက သူ့ အကောင့်မှာ တင်ထားပါတယ်။စည်ဖြိုးကတော့ ပြီးခဲ့တဲ့ လတုန်းက ‘Love at Seven Eleven’ ရိုက်ကူးရေး အတွက် ထိုင်းနိုင်ငံကို သွားရောက်ခဲ့ပါတယ်။အဲ့ဒီမှာတော့ ဆိုင်ကယ်တက္ကစီသမားတစ်ယောက် အဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။

Source:စည်ဖြိုး

Comments are closed.