ထိုင်းနိုင်ငံမှာ မြန်မာမိသားစုနှစ်စု ထီပထမဆုဘတ်ငွေ (၆) သန်းဆု ပြိုင်တူပေါက်

ထိုင်းနိုင်ငံမှာ မြန်မာမိသားစုနှစ်စု ထီပထမဆုဘတ်ငွေ (၆) သန်းဆု ပြိုင်တူပေါက်

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင် မှာ စက်တင်ဘာ ၁၆ (၂၀၁၉) ရက်နေ့မှာ ထွက်ခဲ့တဲ့ ပထမဆု ဘတ်ငွေ (၆) သန်းဆု 340388 (၃၄၀၃၈၈) နံပါတ် ကို တနေရာထဲ ထီဆိုင်တစ်ဆို င်မှာ ပြိုင်တူဝယ်မိခဲ့ကြတဲ့ မြန်မာနိုင်ငံသား အလုပ်သမား မိသားစု နှစ်စု ထီပေါက် ပေါက် သွားခဲ့ကြောင်း သိရပါတယ်။

မဲဟောင်ဆောင်နဲ့ ချင်းမိုင်မြို့မှာ နေထိုင်နေကြတဲ့ မြန်မာမိသားစုဟာ ထီထွက်မယ့်နေ့ မှာ ချင်းမိုင် မြို့က Pong Noi Temple ပေါင်နွိုင်ဘုန်းတော်ကြီးကျောင်းရှေ့မှာ မြန်မာနိုင်ငံ ကနေ လာရောက်အလုပ်လုပ်ကိုင်နေတဲ့ မိသားစု နှစ်စုဟာ ပထမဆုပေါက်မယ့် ထီလ က်မှ တ်ကို တိုက်တိုက်ဆိုင်ဆိုင် အချိန်သာခြားပြီး ပြိုင်တူ ဝယ်ခဲ့ကြတာပါ။

နိုင်ဖွန် အသက် (၄၃ )နှစ် ဟာ သူ့မိသားစုနဲ့အတူ ပုန်နွိုင် ရဲစခန်းမှာ ပထမဆုပေါက် ကြော င်း လာရောက် သတင်းပေးသွားခဲ့ပြီး နောက်သူဌေးလောင်း မြန်မာနိုင်ငံသားတစ်ဦးကတော့ နိုင်ချိုင်း အသက် (၃၀) ဖြစ်ပြီး ဆောက်လုပ်ရေးလုပ်သားဖြစ်ပါတယ်။

ယခုထိုင်းထီပေါက်ခဲ့တဲ့ မြန်မာနိုင်ငံသား မိသားစု နှစ်စုဟာ တစ်ဦးနဲ့တစ်ခု မသိခဲ့-မိတ်ဆွေ မ ဟုတ်ကြပါဘူး၊ ထီထွက်တဲ့ နေ့မနက်ပိုင်းမှာ တနေ ရာထဲ နှစ်စောင်တွဲသာကျန်နေတဲ့ ပေါက် မယ့်ထီကို အချိန်သာခြားပြီး ဝယ်ခဲ့ကြတဲ့ ဖြစ်ရပ်ဟာ ထူးဆန်းတဲ့ တိုက်ဆိုင်မှု ဖြစ်ပါတယ်။

မိသားစုနှစ်စုလုံး ပထမဆု ဘတ်ငွေခြောက်သန်း (ငွေလဲနုန်း ထိုင်းငွေ( ၂၀၀၀ )ဘတ်ကို မြန်မာငွေ တစ်သိန်းကျပ်) ထုတ်ပြီးရင် မြန်မာနိုင်ငံပြန်ပြီး ကိုယ်ပိုင်စီးပွားရေး ပြန်လုပ်မယ်လို့ ထိုင်း- မြန်မာနယ်စပ် မဲဆောက်အခြေစိုက် ကလေးနဲ့အမျိုးသမီးကူညီ စောင့်ရှောက်ရေးအဖွဲ့ မှ သိရပါတယ်။

Comments are closed.