ဗစ်တိုးရီးယားလေးအမှုတွင် နောက်ကွယ်က ကြိုးကိုင်သူကို ဖော်ထုတ်မည်ဟု သမ္မတရုံးကဆို

ဗစ်တိုးရီးယားလေးအမှုတွင် နောက်ကွယ်က ကြိုးကိုင်သူကို ဖော်ထုတ်မည်ဟု သမ္မတရုံးကဆို

ဗစ်တိုးရီးယားအမှု တွင် စွပ်စွဲခံထားရသည့် အောင် ကြီး လွတ်မြောက်ပါကလည်း ကျူးလွန်သူ တရားခံအစစ်နှင့် အောင်ကြီးကို တရားခံအဖြစ် တွန်းပို့သည့် အင်အားစုများကို ဖော်ထုတ်မည်ဟု အောင်ကြီး၏ ရှေ့နေ ဦးခင်မောင်ဇော်က စက်တင်ဘာ ၁၆ ရက်တွင် ပြောကြား သည်။အမှုကို မပိတ်သိမ်းဘဲ သံသယတရားခံ အောင်ကြီးကို အပြင်သို့ရော က်အော င်လုပ်၍ ယင်းအချက်များကို ဆက်လက်ဆောင် ရွက်မည်ဟု ၎င်းကပြောသည်။

စက်တင်ဘာ ၂၄ ရက် ရုံးချိန်းတွင် စွပ်စွဲခံထားရသူ အောင်ကြီးကို အာမခံလျှောက်ထားရန် စီစဉ်နေသည်။ကျူးလွန်သူ တရားခံအစစ် နှင့် အောင်ကြီးကို တရားခံအဖြစ် တွန်းပို့သည့် အင်အားစုများကို ဖော်ထုတ်ရန် နည်းလမ်းများရှိ ကြောင်း ပြောကြားသော်လည်း အသေးစိတ်ကို ထုတ်ဖော်ပြော ကြားခြင်းမရှိပေ။

‘‘အခုချိန်ထိ ဒီအမှုမှာ ပါဝင် ပတ်သက်တဲ့ အင်အားစုတွေ အ ကုန်လုံး အစိုးရရှေ့နေ၊ မိသားစုက ငှားတဲ့ရှေ့နေ သူတို့နှစ် ယောက်က သဘောထားကွဲလွဲမှု ရှိကောင်း ရှိနိုင်ပေမယ့် တစ်လိုင်း တည်းဖြစ်ပြီး အတူတူလုပ်ကြမယ် ဆိုရင်၊ တရားရုံးကလည်း ဥပဒေ နဲ့အညီ ဆောင်ရွက်မယ်ဆိုရင် ဒီ အမှုက တရားဖြောင့်မတ်မှုကို မရောက်စရာ မရှိပါ ဘူးဗျ’’ ဟု ဦးခင်မောင်ဇော်ကပြောသည်။

တရားခံရှေ့နေများတွင် ဖိ အားနှင့် အကျပ်ကိုင်မှု အချို့ရှိ သည်ဟု ထုတ်ဖော်ပြော ဆိုထား ပြီး ၎င်းတို့လုပ်ဆောင်မှု၌ အကန့်သတ်ရှိကြောင်း ဦးခင်မောင်ဇော် က ပြောသည်။တရားရေး ဖြောင့်မှန်စွာ ဆောင်ရွက်ရန် တရားခံရှေ့နေ တစ်ဦးတည်း အလုပ်မဟုတ်ဘဲ အစိုးရရှေ့နေ၊ တရားသူကြီးများ၏ လုပ်ဆောင်ချက်များလည်း လို အပ်ကြောင်း ၎င်းက ထောက်ပြ သည်။

ယင်းအမှုကို အစိုးရရှေ့နေ ကိုယ်စား ဆောင်ရွက်နေသည့် ဥပဒေအရာရှိက အမှန်တ ရား အတွက် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် တရားလို၏ ရှေ့နေ ဒေါ်ရွက်နု အောင်ကလည်း တရားရုံး ဆောင်ရွက်ချက်များကို အားရကျေနပ်မှုရှိကြောင်း ပြောကြားထားသည်။လက်ရှိတွင် အောင်ကြီး တရားခံမဟုတ်ကြောင်း ပေါ်လွင် နေပြီး ကျူးလွန်သူတရားခံမည်သူ ဆိုခြင်းကို ဗစ်တိုးရီးယား၏ ပြသ ချက်များလည်း ရှိထားကြောင်း တရားလွှတ်တော်ရှေ့နေ ဦးခင် မောင်ဇော်က ဆိုသည်။

အောင်ကြီး တရားခံမဟုတ် ဘဲ ဗစ်တိုးရီးယားအမှုတွင် တစ်စုံ တစ်ရာ လွဲချော်မှုရှိပါက ရဲတပ်ဖွဲ့အနေဖြင့် တာဝန်ခံရမည်ဟု သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားထား သည်။

Comments are closed.