ပုသိမ်သူလေးကို ကုလားပရလော ကသား ဝင်ပူးတဲ့ဖြစ်ရပ် ရုပ်သံဖိုင်

ပုသိမ်သူလေးကို ကုလားပရလော ကသား ဝင်ပူးတဲ့ဖြစ်ရပ် ရုပ်သံဖိုင်

ပုသိမ် သိုးမွှေးအထည်ချုပ်စက်ရုံတွင် ပရလောကသားများ ဝင်ရောက်ပူးကပ် မှု ဖြစ်ပွား (ရုပ်သံ)

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ်(၁၃)ရပ်ကွက်၊ မြက်တိုမှာရှိတဲ့ Myanmar Kitting Factory (သိုးမွှေးအထည်ချုပ်စက်ရုံ)မှာ စက်တင်ဘာလ ၁၆ ရက်နေ့ နံနက် မှာအလုပ်သမားတစ်ချို့ကို ပရလောကသားတွေဝင်ရောက်ပူးကပ်ပြီး ၎င်းတို့လို အပ်ချက် များကို တောင်းဆိုသွားတယ်လို့ သိရပါတယ်။ ကျွတ်တန်းဝင်ချင်တယ်လို့ အတိအကျ ပြော ဆိုသွားကြောင်း သိရပါတယ်။

ဖြစ်စဉ်နှင့်ပတ်သက်၍ “ဖြစ်တာကတော့ ဒီတစ်ကြိမ်နဲ့ဆိုရင် သုံးကြိမ်ရှိပြီ ၊အဲ့ဒီစက်ရုံမှာပဲ ဖြစ်တာ မနေ့က(စက်တင်ဘာ၁၆ရက်)တော့ ကိုယ်တွေ့ပေါ့ သူတို့တွေခေါ်လာကြတယ် လူနာတင်ယာဉ်တွေ အကူအညီတောင်း တယ်။ ဆေးရုံပို့တယ် တစ်ချို့ကို ဘုန်းကြီး ကျောင်း ပို့တယ် ခန့်မှန်းခြေ ၈၀ ဝန်းကျင်လောက်ရှိတယ် ။

သူတို့ကဘာပြောလဲဆို သူတို့ပရလောကသားတွေဒီမှာရှိနေတဲ့ဟာတွေ ကျွတ်ချင်တယ်ပေါ့ ။ အဲ့ဒါသူတို့ကို ရည်းစူးမှုလေးလုပ်ပေးပါ သူတို့သာဓုခေါ်ပြီး နောက်နောင် အဲ့ဒီလိုမနှောင့် ယှက်ပါဘူး သူတို့ပြောတယ်”ဟု ဆရာတော်ဦးစန္ဒာသီရိက မိန့်ကြားခဲ့ကြောင်း သိရသည်။

အဆိုပါစက်ရုံမှ စက်ရုံအလုပ်သမားအားလုံးကို နံနက်(၈)နာရီတွင် ပြန်ခိုင်းခဲ့ကြောင်း သိရသည်။

Comments are closed.