ကျပ်သိန်းပေါင်း ၉၅ဝဝ လှူဒါန်းလိုက်တဲ့ အသက် ၁၇ နှစ်အရွယ် မန္တလေးက လူငယ်

ကျပ်သိန်းပေါင်း ၉၅ဝဝ လှူဒါန်းလိုက်တဲ့ အသက် ၁၇ နှစ်အရွယ် မန္တလေးက လူငယ်

ကျပ်သိန်းပေါင်း ၉၅ဝဝ လှူဒါန်းလိုက်တဲ့ အသက် ၁၇ နှစ်အရွယ် မန္တလေးက လူငယ်

မန္တလေးမြို့မှ အသက် ၁၇ နှစ်အရွယ်လူငယ်တစ်ဦးက ၎င်းရရှိမည့်အမွေများထဲမှ ငွေကျပ်သိန်းပေါင်း ၉၅ဝဝ ကို ပြင်ဦးလွင်ရှိဖားအောက်တောရသို့ လှူဒါန်းလိုက်ကြောင်း သိရသည်။

ပြင်ဦးလွင်မြို့နယ် ကျောက်ဖျာ ဒိုးကျေးရွာရှိ ဖားအောက်တောရ ဗုဒ္ဓတက္ကသိုလ်တွင် အသုံးပြုရန် ရန်ကုန်၊ လှိုင်မြို့နယ်ရှိ နေအိမ်နှင့်မြေအပါအဝင် အကျိုးခံစားခွင့် အားလုံး ကာလတန်ဖိုး ကျပ်သိန်း ၉ဝဝဝ၊ မန္တလေးပြည်ကြီးတံခွန် ပွဲရုံတန်း အဆောင် ၂ အခန်း ၃၊ ၂ ထပ်တိုက် ကာလတန်ဖိုး ကျပ် သိန်း ၅ဝဝ ခန့်တို့ကိုအပြီးအပြတ် လှူဒါန်းပေးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

လှူဒါန်းခဲ့သူ မန်းမြို့တော် ပေါက်စီလုပ်ငန်းပိုင်ရှင်၏ သား မောင်ဘုန်းရှင်က ”သံဃာ တော်တွေကို ဆက်လက်စောင့်ရှောက်ချင်တယ် ဖားအောက်တောရ အဓွန့်ရှည်ပြီး သာသနာဆက်လက် ပြန့်ပွားစေချင်တဲ့ ရည်ရွယ်ချက်ပဲ ရှိတယ်”ဟု ပြောသည်။

ထို့အပြင် ၎င်းက ယနေ့လူငယ်များအနေဖြင့် သောက်စား ပျော်ပါး နေမှုများသည်ဟု ပြောဆိုနေကြမှု များရှိနေကြရာ ယခု အလှူဒါနမှာ မှန်ကန်သည့်ဘက်ကို ရပ်တည်ပြ လိုက်ခြင်းဖြစ်သည်ဟု ဆက်ပြောသည်။မန်းမြို့တော်ပေါက်စီ ပိုင်ရှင် ဦးအောင်မြင့်က အမွေဆက်ခံရမည့် သားဖြစ်သူ၏သဘောဆန္ဒအရ ခွင့်ပြုပေးလိုက်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဦးမြင့်အောင်၏ လှူဒါန်းမှုကို ဖားအောက်တောရမှ ဆရာတော် ကိုယ်တိုင်လက်ခံရယူပြီး မန်းမြို့ တော်ပေါက်စီက ပဒေသာပင်စိုက် ထူလှူဒါန်းခြင်းဖြစ်သည်ဟု ပြော သည်။အဆိုပါ လှူဒါန်းမှုပြုခဲ့သည့် မောင်ဘုန်းရှင်မှာ လက်ရှိတွင် စင်ကာပူနိုင်ငံ၌ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းအဆင့်မြင့် စီမံခန့်ခွဲမှုဒီ ပလိုမာကို တက်ရောက်နေသူ ဖြစ်သည်။

Comments are closed.