
“Running Man” က သူမရဲ့ဘဝကို ကယ်တင်ခဲ့တာပါလို့ ဖွင့်ပြောလိုက်တဲ့ Jeon So Min
သရုပ်ဆောင်မင်းသမီးတစ်ယောက်ဖြစ်တဲ့ Jeon So Min ဟာ တောင်ကိုရီးယားနိုင်ငံ အတွင်းမှာသာမက နိုင်ငံတကာမှာပါ လူကြိုက်များတဲ့ တီဗွီအစီအစဉ်တစ်ခုဖြစ်တဲ့ “Running Man” မှာ ပါဝင်ခဲ့တဲ့ပြီးတဲ့နောက်ပိုင်း ပရိသတ်တွေရဲ့ အားပေးမှု၊ စိတ်ဝင်စားမှုကို အရင်က ထက်ပိုမိုပြီး ရရှိခဲ့ပါတယ်။ သူမဟာ ၂၀၁၇ ခုနှစ်ကနေစတင်ပြီးတော့ အစီအစဉ်မှာ ပင်တိုင် အဖွဲ့ဝင် တစ်ယောက်အဖြစ်နဲ့ ပါဝင်ခဲ့တာဖြစ်ပြီး အဲဒီအချိန်တုန်းက “Running Man” ရဲ့ သက်တမ်းက ၈ နှစ်ရှိနေပြီ ဖြစ်ပါတယ်။

“Running Man” မှာ ပါဝင်ခဲ့ရတဲ့အကြောင်းအရင်းနဲ့ ခံစားမှုကိုတွေကို သူမက အင်တာ ဗျူး တစ်ခုမှာ ဖွင့်ဟပြောပြခဲ့ဖူးပါတယ်။ အရင်တုန်းက သရုပ်ဆောင်နဲ့ ဖျော်ဖြေရေးနယ်ပယ် ၂ ခုလုံးမှာ သူမအတွက် နေရာမရှိဘူးလို့ ခံစားမိခဲ့ကြောင်း၊ ဒါကြောင့် အစီအစဉ်မှာပါဝင်တာက သူမရဲ့စိတ်ကိုသူမ အနားယူတဲ့အနေနဲ့တွေးပြီး ပါဝင်ခဲ့တာဖြစ်ကြောင်းကို ပြောပြခဲ့ပါတယ်။

အစီအစဉ်မှာ ကြိုးစားပြီးတင်ဆက်မယ်ဆိုရင် သူမရဲ့နာမည်ဂုဏ်သတင်းကို ထိခိုက်မှုမရှိ တာကြောင့် ဒီလိုမျိုူးဆုံးဖြတ်ချက်ကို သူမအနေနဲ့ ကြိုက်နှစ်သက်မှုရှိတယ်လို့လည်း ဖွင့်ဟ သွားခဲ့ပါတယ်။

“ကျွန်မ Running Man မှာ မပါဝင်ခင်တုန်းက အချိန်တွေဟာ အတော်လေးကို နာကျင်ခက်ခဲစရာကောင်းခဲ့ပါတယ်။ အစီအစဉ်မှာပါဝင်ခဲ့ပြီး ကြိုးစားခဲ့တဲ့နောက်ပို်င်းမှာတော့ ကျွန်မရဲ့ ဖျော်ဖြေတင်ဆက်မှုတွေကို ပြသနိုင်ခဲ့ပါတယ်။ အရင်တုန်းကဆိုရင် ကျွန်မကို ယုံကြည်တဲ့သူတွေ၊ လုပ်ခွင့်ပေးတဲ့သူတွေဆိုတာ အများကြီးမရှိခဲ့ပါဘူး” လို့ဆိုကာ သူမဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေကို ပြောပြသွားခဲ့တာ ဖြစ်ပါတယ်။

သူမဟာ Running Man မှာစတင်ပါဝင်ခဲ့ချိန်တုန်းက ဝေဖန်မှုတွေများစွာကို ရရှိခဲ့သလို သူမရဲ့ သွက်သွက်လက်လက်ရှိတဲ့ ပုံစံကြောင့်လည်း အားပေးသူ ပရိသတ်တွေဆိုတာလည်း ရှိခဲ့ကာ အခုဆိုရင်တော့ သူမဟာ Running Man ရဲ့ ပင်တိုင်အဖွဲ့ဝင်တစ်ယောက်အနေနဲ့ ရိုက်ကူးရေးတွေ အဆက်မပြတ်ဆိုသလို လုပ်နေရသူုဖြစ်လို့နေပါပြီ။
Ref : Koreaboo
Mia (Momolay)