သက်ထားသူဇာရဲ့ချစ်စဖွယ် သရုပ်ေ ဆာင်ချက်တွေကို မြင်တွေ့ရမယ့် ရဲလေးရဲ့သီချင်းဗီဒီယို ထွက်ရှိ

သက်ထားသူဇာရဲ့ချစ်စဖွယ် သရုပ်ေ ဆာင်ချက်တွေကို မြင်တွေ့ရမယ့် ရဲလေးရဲ့သီချင်းဗီဒီယို ထွက်ရှိ

R&B သီချင်းကောင်းတွေကို ချိုသာတဲ့ အသံလေးနဲ့ ပရိသတ်ရင်ထဲရောက်အောင် သီဆိုနိုင်တဲ့ အဆိုတော် ရဲလေးကတော့ ပရိသတ်တွေအတွက် အသစ်အသစ်သော အနုပညာတွေကို ချပြဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ရဲလေးက နိုင်ငံဂုဏ်ဆောင် ကြက်ေ တာင်မယ်လေး သက်ထားသူဇာကိုခေါ်သရုပ်ဆောင်ပြီး ရိုက်ကူးထားတဲ့ “ချစ်ချစ်တုံး” သီချင်းလေးကို လူမှုကွန်ယက်မှှာ ဝေမျှပေးလိုက်တာ တွေ့ရပါတယ်။ ချစ်စရာကောင်းတဲ့ သီချင်းဗီဒီယိုလေးနဲ့ ရဲလေးရဲ့နားဝင်ချိုပြီး Romantic ဆန်တဲ့ သီချင်းလေးနဲ့ကတော့ လိုက်ဖက်ညီပြီး အရမ်းကြည့်လို့မိုက်နေတာပဲ ဖြစ်ပါတယ်နော်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် မြန်မာနိုင်ငံရဲ့ရတနာလေး သက်ထားသူဇာရဲ့သရုပ်ဆောင်ချက်တွေကို မြင်တွေ့ရမယ့် ရဲလေးရဲ့သီချင်းဗီဒီယိုလေးကို ဖော်ပြပေးလိုက်ပါတယ်။

ရဲလေးကတော့ “YLJK ပရိသတ်များအတွက် ချစ်ချစ်တုံး music video ကို အပြည့်အဝ တင် ဆက်ပေးလိုက်လိုက်ပါတယ်ခင်ဗျာ …သတိရရင်အားပေးပါခင်ဗျာ …” ဆိုပြီး သူ့ရဲ့သီချင်း အသ စ်လေးကို ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။ အဆိုပါ ဗီဒီယိုထဲမှာတော့ သက်ထားသူဇာလေးက စိတ်ကောက်တတ်တဲ့ ရဲလေးရဲ့ချစ်သူကောင်မလေးအဖြစ် ချစ်စရာကောင်းအောင် သရု ပ်ေ ဆာင် ထားတာလည်း တွေ့ရပါတယ်။

အဆိုတော် ရဲလေးရဲ့”ချစ်ချစ်တုံး” သီချင်းဗီဒီယို

အဆိုတော်ရဲလေးကတော့ လက်ရှိမှာ YLJK Entertainment ကို တည်ထောင်ထားပြီး သီချင်းကောင်းလေးတွေကို ဖန်တီးဖြစ်နေတယ်လို့ သိရပါတယ်။ မိုမိုလေးချစ် ပရိသတ်တွေလည်း စောင့်ရကြိုးနပ်ပြီး အရမ်းနားထောင်လို့ကောင်းတဲ့ အဆိုတော် ရဲလေးရဲ့သီချင်းအသစ်လေးကို သဘောကျရင် share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;YLJK Entertainment,Credit : MOMOLAY

Comments are closed.