မွေးနေ့မနက်ခင်းလေးမှာ အေးချမ်း စွာ ဘုရားတက် ကုသိုလ်ယူခဲ့တဲ့ နန်း ဆု ရတီစိုး

မွေးနေ့မနက်ခင်းလေးမှာ အေးချမ်း စွာ ဘုရားတက် ကုသိုလ်ယူခဲ့တဲ့ နန်း ဆု ရတီစိုး



နန်းဆုရတီစိုးကတော့ “မွေးနေ့မှာ ဘုရားတက် ပန်းရေချမ်းကပ်လှူပူဇော် ခိုစာကျွေး ငါးစာကျွေး ကုသိုလ်ယူခဲ့ပါတယ် ပြုပြုသမျှ ကုသိုလ်များကို အားလုံးကို အမျှဝေပါတယ် အားလုံး ကျန်းမာ စိတ်ချမ်းသာပြီး သာယာပျော်ရွှင်ကြပါစေလို့ တောင်းဆုပြုပါတယ်ရှင့်” ဆိုပြီး သူမပြုလုပ်ခဲ့တဲ့ ကုသိုလ်ကောင်းမှုတွေအကြောင်းပြောပြီး အမျှပေးဝေထားပါသေးတယ်နော်။

ဘုရားအဝင်က ခိုလေးတွေကို အစာကျွေးရင်း ပျော်နေတဲ့ နန်းဆုလေး…။

စိတ်ထားကောင်းပြီး နူးညံ့လွန်းလို့ ပရိသတ်တွေကြားမှာ အရမ်းနာမည်ြ ကီးတဲ့ နန်းဆုရတီစိုးကတော့ အလှူအတန်းတွေဆိုလည်း လက်မနှေး တတ်သူတစ်ဦးဖြစ်ပြီး၊ ဘာသာရေးလည်း ကိုင်းရှိုင်းသူလေးပါနော်။

မွေးနေ့မှာ အလှပဆုံး ပုံရိပ်တွေ၊ အမှတ်တရတွေနဲ့ ရှေ့ဆက်ခဲ့တဲ့ နန်းဆုလေးကတော့ ချစ်ရတဲ့ ပရိသတ်တွေရဲ့အင်အားနဲ့ ပြုံးပျော်ရွှင်နေရတာပဲ ဖြစ်ပါတယ်။ နန်းဆုရတီစိုးကတော့ လက်ရှိမှာလည်း အသစ်ထွက်ရှိမယ့် သူမရဲ့သီချင်းအသစ်အတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း မွေးနေ့မနက်ခင်းကို ကုသိုလ်တွေနဲ့ အစပြုခဲ့တဲ့ နန်းဆုရတီစိုးကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Nansu Yati Soe’s Facebook
Photo; Khant Min htin

Comments are closed.