မွေးနေ့မှာ ကိုယ်တိုင်ချက်ပြုတ်ပြင် ဆင်ပြီး ဆွမ်းလောင်းကုသိုလ်ယူခဲ့တဲ့ နန်းဆုရတီစိုး

မွေးနေ့မှာ ကိုယ်တိုင်ချက်ပြုတ်ပြင် ဆင်ပြီး ဆွမ်းလောင်းကုသိုလ်ယူခဲ့တဲ့ နန်းဆုရတီစိုး

ပရိသတ်တွေအရမ်းချစ်ကြတဲ့ အနုပညာရှင်တစ်ဦးဖြစ်တဲ့ နန်းဆုရတီစိုးကတော့ သရုပ်ဆောင် ပိုင်းမှာရော အဆိုပိုင်းမှာပါ အောင်မြင်မှုရရှိနေတဲ့သူတစ်ဦးဆိုလည်း မမှားပါဘူး။ နန်းဆု ကတော့ ဒီနေ့ စက်တင်ဘာလ (၁၈) ရက်နေ့မှာ ကျရောက်လာတဲ့ သူမရဲ့မွေးနေ့လေးမှာ ကိုယ်တိုင်ချက်ပြုတ်ပြီး ဆွမ်းလောင်းကုသိုလ်ယူခဲ့တဲ့အကြောင်း လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးထားတာပဲ တွေ့ရပါတယ်။ အချက်အပြုတ်ဆို အရမ်းတော်တဲ့ နန်းဆုလေးကတော့ သူမကိုယ်တိုင် ချက်ပြုတ်ပြင်ဆင်ထားတဲ့ ထမင်းဟင်းတွေကို မိသားစုနဲ့အတူ လှူဒါန်းခဲ့တာပဲ ဖြစ်ပါတယ်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် မွေးနေ့မနက်မှာ မိသားစုနဲ့အတူ ဆွမ်းလောင်းကုသိုလ်ယူနေတဲ့ နန်းဆုရတီစိုးရဲ့ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

နန်းဆုရတီစိုးကတော့ “မွေးနေ့မှာ ကိုယ်တိုင်ချက်ပြုတ်ပြင်ဆင်ပြီး အိမ်ရှေ့ဆွမ်းခံကြွလာသည့် သံဃာတော်များကို မိသားစုနဲ့အတူ နေ့ဆွမ်းဆက်ကပ်လှူဒါန်းပူဇော် 🙏🙏🙏” ဆိုပြီး ကြည်နူးစရာ အလှူပုံရိပ်လေးတွေကို ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။ နန်းဆုရတီစိုးကတော့ စိတ်ထားလေးလည်း အရမ်းဖြူစင်သူတစ်ဦးမို့ သူငယ်ချင်း မိတ်ဆွေတွေကလည်း အရမ်းကို ခင်မင်ရင်းနှီးကြတာ တွေ့ရပါတယ်နော်။

ဘာသာတရားလည်း ကိုင်းရှိုင်းတဲ့ နန်းဆုလေးကတော့ မကြာခဏ ဆိုသ လို အလှူအတန်းတွေ၊ ပရဟိတအလုပ်တွေကိုလည်း ကိုယ်တိုင်ကိုယ်ကျ ပြုလုပ်တတ်သူတစ်ဦးပါ။

ကြည့်တာနဲ့တင် စေတနာပါပါ ချက်ပြုတ်ထားမှန်း သိသာတဲ့ နန်းဆုရဲ့ လက်ရာ ထမင်း၊ ဟင်းတွေ…။

နန်းဆုရတီစိုးရဲ့မိသားစုပုံရိပ်လေး…။


Myint Myat
Source;Nansu Yati Soe’s Facebook
Photo;Alinyaung Photography

Comments are closed.