ယူနီကုဒ် စံစနစ်ကူးပြောင်းရေး လုပ်ငန်းတွေအတွက် သံတမန်ခန့်အပ်ခံလိုက်ရလို့ ပျော်နေတဲ့ ဖြူဖြူထွေးရဲ့ဗီဒီယို

ယူနီကုဒ် စံစနစ်ကူးပြောင်းရေး လုပ်ငန်းတွေအတွက် သံတမန်ခန့်အပ်ခံလိုက်ရလို့ ပျော်နေတဲ့ ဖြူဖြူထွေးရဲ့ဗီဒီယို



ဖြူဖြူထွေးကတော့ “မြန်မာယူနီကုဒ် စံစနစ်ကူးပြောင်းရေး လုပ်ငန်းစဉ်များအတွက် သံတမန်အဖြစ်ခန့်အပ်ခြင်းခံရတဲ့အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါတယ်💦💦💦💦💦💦💦💦💦💦💦💦” ဆိုပြီးသူမရဲ့ဗီဒီယိုလေးကို ဂုဏ်ယူစွာ ဝေမျှပေးထားတာပါ။ ဖြူဖြူထွေးရဲ့အောင်မြင်မှုကိုတော့ ပရိသတ်တွေအားလုံးကလည်း ကြည်နူးပီတိဖြစ်နေကြတာ တွေ့ရပါတယ်။

ပရိသတ်တွေကိုပါ ကြည်နူးစေတဲ့ ဖြူဖြူထွေးရဲ့ဗီဒီယို

ဖြူဖြူထွေးကတော့ လတ်တလောမှာ အနုပညာလုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်ဖြစ်နေပြီး၊ သူမရဲ့မိသားစုအတွက် ကြိုးစားနေတာပါ။ သူမနေထိုင်တဲ့ ရွာလေးမှာလည်း အမြဲလိုလို အလှူအတန်းတွေ လုပ်လေ့ရှိတဲ့ ဖြူဖြူထွေးကတော့ စိတ်ရင်းဖြူသူလေးတစ်ဦးဆိုလည်း မမှားပါဘူး။ မိုမိုလေးချစ်ပရိသတ်တွေလည်း မြန်မာယူနီကုဒ် စံစနစ်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေအတွက် သံတမန်အဖြစ်ခန့်အပ်ခြင်းခံရတဲ့ ဖြူဖြူထွေးကို သဘောကျရင် share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Phyu Phyu Htwe’s Facebook Page

Comments are closed.