ပ ရီးမီးယားလိဂ် ရဲ့ တစ်သက်တာ ဂိုးသွင်းအကောင်းဆုံး ကစား သမား (၅)ဦး

ပ ရီးမီးယားလိဂ် ရဲ့ တစ်သက်တာ ဂိုးသွင်းအကောင်းဆုံး ကစား သမား (၅)ဦး

ပြိုင် ဆိုင်မှု ပြင်းထန်တဲ့ ပရီးမီးယားလိဂ်မှာ ဂိုးတစ်ဂိုးရဖို့ မခဲယဉ်းသလို ပြန်ပေးလိုက်ရဖို့ကလည်း ခဏလေးပါပဲ။ တိုက်စစ်မှူးတွေဟာ ဂိုးသွင်းကောင်းဖို့ လိုသလို အဆုံးသတ်သေချာမှ အသင်းနိုင်ပွဲရမှာပါ။ ဒီအခါမှာ ယှဉ်ပြိုင်ဘက် ကစားသမားတွေကြား သူများထက်ကို ထူးပြီး ဂိုးတွေတောက်လျှောက်သွင်းခဲ့တဲ့ ပရီးမီးယား တစ်သက်တာ ဂိုးသွင်းအကောင်းဆုံး ကစားသမားတွေ ရှိလို့လာပါတယ်။ အဲ့ထဲကမှ (၅)ဦးကို MyanmarNote Sport ကဏ္ဍအတွက် တင်ဆက်ပေးလိုက်ပါတယ်။

(၅)သီယာရီ ဟင်နရီ

(၂၀၀၀)ပြည့်နှစ် အစောပိုင်းကာလတွေတုန်းက ပြင်သစ်သားကြီးဟာ အာဆင်နယ်နဲ့ ကစားခဲ့ပြီး (၁၇၅)ဂိုး သွင်းခဲ့ပါတယ်။ ဒါဟာ ကစားခဲ့တဲ့ ပွဲနဲ့ဆို တစ်ပွဲကို (၀.၆၈)ဂိုး သွင်းခဲ့တာဖြစ်ပြီး (၂၀၀၁-၂၀၀၂)၊(၂၀၀၃-၂၀၀၄)၊ (၂၀၀၄-၂၀၀၅)၊ (၂၀၀၅-၂၀၀၆) ငါးနှစ်အတွင်း ရွေဖိနပ်ဆုလေးကြိမ်ရခဲ့ပါတယ်။

(၄)ဖရန့် လမ်းပတ်

အင်္ဂလန် ကွင်းလယ်ကစားသမား လမ်းပတ် ချဲလ်ဆီးမှာ သူ့နေရာကစားပုံကနေ (၁၇၇)ဂိုးသွင်းခဲ့တယ်ဆိုတာ မယံနိုင်စရာပါပဲ။ ၀က်ဟမ်း၊ ချဲလ်ဆီးနဲ့ မန်စီးတီးမှာ ကစားခဲ့တဲ့ပွဲပေါင်း (၆၀၉)ပွဲရှိပြီး ပရီးမီးယားရဲ့ တတိယ ပွဲအများဆုံး ကစားသမားဖြစ်ပါတယ်။

(၃)အန်ဒရီကိုး

အင်္ဂလန်တိုက်စစ်မှူး အန်ဒရီကိုးအနေနဲ့ (၁၉၉၃-၁၉၉၄)မှာ ရွှေဖိနပ်ဆုရခဲ့ပြီး ဆယ်စုနှစ်နှစ်ခုကြာ နယူးကာဆယ်၊ မန်ယူ၊ ဘလက်ဘန်း၊ ဖူဟမ်၊ မန်စီးတီး၊ ပို့စ်မောက်၊ ဆန်းဒါးလန်း တိုနဲ့အတူ (၁၈၇)ဂိုးသွင်းခဲ့ပါတယ်။ ပရီးမီးယားလိဂ်ဖလား (၅)ခါရထားသူပါ။

(၂)၀ိန်းရွန်းနီ

အင်္ဂလန် တိုက်စစ်မှူး ၊ မန်ယူနဲ့ အဲဗာတန် ကစားသမားဟောင်းဟယ စုစုပေါင်း(၂၀၈)ဂိုးသွင်းပြီး တစ်ပွဲ ပျှမ်းမျှ(၀.၄၂) နှုန်းနဲ့ (၂၀၀၉-၂၀၁၀)မှာ ပရီးမီးယားလိဂ် အကောင်းဆုံးကစားသမားဆုကို ရခဲ့ပါတယ်။ သူလည်း ပရီးမီးယားလိဂ်ဖလား (၅)ကြိမ်ရထားပါတယ်။

(၁)အလန်ရှီးယား

နယူကားဆယ်တိုက်စစ်မှူး အလန်ရှီးယား သွင်းတာကမှ ကြောက်ခမန်းလိလိပါ။ (၂၆၀)ဂိုး တစ်ပွဲ ပျှမ်းမျှ (၀.၅၉) နဲ့ (၁၉၉၄-၉၅-၉၆) သုံးနှစ်ဆက်တိုက် ရွှေဖိနပ်ဆုရခဲ့ပါတယ်။ သူ့ရဲ့ ဂိုးသွင်းစံချိန်နားကို ဘယ်သူမှမကပ်နိုင်သေးတာတော့ အမှန်ပါ။

Aung Bwa

Comments are closed.