စီနီယာ မမ ဝတ်မှုံရွှေရည်နဲ့ ရိုက်ကူး ထားတဲ့ အမိုက်စားပုံရိ ပ်တွေကို ချပြလို က်တဲ့ ပိုင်တံခွန်

စီနီယာ မမ ဝတ်မှုံရွှေရည်နဲ့ ရိုက်ကူး ထားတဲ့ အမိုက်စားပုံရိ ပ်တွေကို ချပြလို က်တဲ့ ပိုင်တံခွန်

လတ်တလော နှုတ်ခမ်းနီမလေးတွေကြားမှာ လျှမ်းလျှမ်းတောက် အောင်မြင်နေတဲ့ မော်ဒယ်မင်းသားချောလေး ပိုင်တံခွန်နဲ့ မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသမီး တစ်လက်ဖြစ်တဲ့ ဝတ်မှုံရွှေရည်တို့နှစ်ဦးကတော့ မနေ့ညက KTV ဖွင့်ပွဲတစ်ခုမှာ အတူဆုံခဲ့ကြတာ တွေ့ရပါတယ်။ ပိုင်တံခွန်ကတော့ ပွဲတက်ရင်း စီနီယာမမတစ်ဦးဖြစ်တဲ့ ဝတ်မှုံရွှေရည်နဲ့ အမိုက်စားဓါတ်ပုံတွေလည်း အများကြီး ရိုက်ကူးခဲ့တာ တွေ့ရပါတယ်။ ဒီနေ့လေးမှာတော့ ပိုင်တံခွန်က ရွှေကစ်လေးနဲ့ ခပ်မိုက်မိုက်လေး ရိုက်ကူးထားတဲ့ ပုံရိပ်တွေကို ပရိသတ်တွေအတွက် လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ နှစ်ယောက်လုံးကလည်း အထာကျလွန်းသူတွေမို့ ပေါင်းစပ်ရိုက်ကူးလိုက်တဲ့အခါမှာ အရမ်းကို အသက်ဝင်လွန်းတဲ့ ပုံရိပ်လေးတွေ ဖြစ်လာတာပါနော်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် သေချာကြည့်လေ အရမ်းကို လိုက်ဖက် ညီလေဖြစ်တဲ့ ပိုင်တံခွန်နဲ့ ဝတ်မှုံရွှေရည်တို့ရဲ့အမိုက်စားပုံရိပ်တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်နော်။

ပိုင်တံခွန်ကတော့ “Hey ” ဆိုပြီး စီနီယာတစ်ဦးဖြစ်တဲ့ ဝတ်မှုံရွှေရည်နဲ့ ပွဲတက်မှာတွေ့တုန်း ဓါတ်ဖမ်းခဲ့တဲ့ ပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ပိုင်တံခွန်က ရုပ်ရှင်တွေရိုက်ဖို့လည်း ပြင်ဆင်ဖြစ်နေပြီး ထိုင်းနိုင်ငံမှာလည်း ကြော်ငြာတွေရိုက်ကူးဖို့ ကမ်းလှမ်းထားတာတွေရှိတယ်လို့ သိရပါတယ်။

ရွှေကစ်လေးကို ကြည့်နေတဲ့ ပိုင်တံခွန်ရဲ့အကြည့်တွေကို မေး…။

ဝတ်မှုံရွှေရည်ကတော့ တလောကလည်း “တိမ်တွေပေါ်ကပန်း” ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးပြီးစီးထားပါသေးတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းကို လိုက်ဖက်ညီ လွန်းစွာ တွေ့မြင်ရတဲ့ ပိုင်တံခွန်နဲ့ ဝတ်မှုံရွှေရည်တို့ရဲ့အမိုက်စားပုံရိပ်တွေကို သဘောကျရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Paing Takhon’s Facebook
Photo; Htet Paing Ye

Comments are closed.