လူတိုင်းနဲ့မလိုက်တဲ့ဖက်ရှင်လေးနဲ့ အထာကျကျ လှနေတဲ့ ဝတ်မှုံရွှေရည်

လူတိုင်းနဲ့မလိုက်တဲ့ဖက်ရှင်လေးနဲ့ အထာကျကျ လှနေတဲ့ ဝတ်မှုံရွှေရည်


မနေ့က စက်တင်ဘာလ (၁၈) ရက်နေ့မှာတော့ ဝတ်မှုံရွှေရည်က ရန်ကုန်မြို့ရှိ IKON KTV ဖွင့်ပွဲကို ပိုင်တံခွန်၊ သင်ဇာဝင့်ကျော်တို့နဲ့အတူတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့တာပဲ ဖြစ်ပါတယ်။

ဝတ်မှုံရွှေရည်က ကုတ်အင်္ကျီအကြီးကြီးကို ဝတ်ပြီး အောက်က ဖိနပ်ရှည်ကြီးနဲ့ အထာကျကျ လှနေတာပဲ ဖြစ်ပါတယ်။ ထိုစတိုင်လ်မျိုးက တော်ရုံတန်ရုံ ဘယ်သူမှ မလိုက်ဖက်ပေမယ့် ဝတ်မှုံရွှေရည်နဲ့ကတော့ အထာကျကျ လှနေတာပဲ ဖြစ်ပါတယ်။

ဝတ်မှုံရွှေရည်က လက်ရှိမှာ ပွဲတက်တွေနဲ့ ကြော်ငြာတွေကို ရိုက်ကူးပေးနေပြီး မကြာခင်မှာလည်း ရွှေထူး၊ ဟိန်းဝေယံတို့နဲ့အတူတူ “တစ်ဦးတည်းသော ဣတ္ထိယ ” ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။

ဝတ်မှုံရွှေရည်ကတော့ ဖက်ရှင်နေရာမှာတော့ အထာလဲကျ၊ အမြင်လည်းမရိုင်းတဲ့ အဝတ်အစားတွေကို သူ့နေရာနဲ့သူ လိုက်ဖက်စွာ ဝတ်ဆင်တတ်တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဝတ်မှုံရွှေရည်ရဲ့ အမိုက်စားပုံရိပ်တွေကို သဘောကျရင် Like & Share လုပ်ဖို့ မမေ့ပါနဲ့နော်။

Rowena
Photo: HPY Photography

Comments are closed.