

Myanmar Idol Season 3 ရဲ့ ဒုတိယဆုရှင် ချမ်းမြေ့မောင်ချိုဟာဆိုရင် တစ်နိုင်ငံလုံးက ပရိသတ်တွေ သည်းသည်းလှုပ်အားပေးရတဲ့ အဆိုတော်မလေး တစ်ဦးပါ ။ ချမ်းမြေ့မောင်ချိုက လက်ရှိမှာတော့ ပွဲအခမ်းအနားတွေမှာ သီချင်းတွေတောက်လျှောက်ဆို ဖြစ်နေပြီး အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ကိုင်နေပါတယ်။ ပရိသတ်တွေကလည်း ချမ်းမြေ့မောင်ချိုရဲ့ အနုပညာလှုပ်ရှားမှုတိုင်းကို စိတ်ဝင်တစား စောင့်ကြည့်ကြတာ ဖြစ်ပါတယ်။

မနက်ဖြန် စက်တင်ဘာလ (၂၀) ရက်နေ့ကတော့ ချမ်းမြေ့မောင်ချိုရဲ့ အသက် (၂၀) ပြည့် မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ချမ်းမြေ့မောင်ချိုက သူမရဲ့ မွေးနေ့မှာ ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီးတွေ့ဆုံပြီး သီချင်းတွေ ဖျော်ဖြေတင်ဆက်ဖို့ Fan Meeting ပွဲလေးလည်း စီစဉ်ထားပါတယ်။

ချမ်းမြေ့မောင်ချိုက မွေးနေ့မရောက်ခင်ကတည်းက ချစ်ခင်ရသူတွေကြောင့် ပျော်နေရတာ ဖြစ်ပြီး သူမရဲ့ အပျော်တွေကို ပရိသတ်တွေ ကူးစက်အောင် အခုလိုပဲ မျှဝေထားပါတယ်။

“Pre birthdayyyy ပေါ့ 🤪 ချစ်လိုက်တာ…မနက်ဖြန်တွေ့ဖို့ကိုအရမ်းရင်ခုန်နေပါပီ 😭❤️ဒါလေးလုပ်ပေးတဲ့အကုန်လုံးကိုလဲချစ်တယ်နော်။ ဒါမွေးနေ့လက်ဆောင်မဟုတ်သေးဘူးလို့သတ်မှတ်ပါတယ် 🤪🤪🤪 စတာပါ တကယ်ပါ 😂❤️❤️❤️” ဆိုပြီး ပြောလာပါတယ်။

ချမ်းမြေ့မောင်ချိုကတော့ မနက်ဖြန် မွေးနေ့မှာ ပရိသတ်တွေနဲ့ တွေ့ဆုံဖို့ကို ရင်ခုန်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ချမ်းမြေ့မောင်ချိုအတွက် မွေးနေ့ဆုတောင်းစကားလေးတွေ ပြောခဲ့ကြပါဦးနော်။

Rowena
Source: Chan Myae Maung Cho’s fb,Reference & Credit:momolay.com

Comments are closed.