ကိုးရီးယားမင်းသမီးလေးလို ဆွဲဆောင်မှုရှိရှိ အရမ်းလှနေတဲ့ နန်းခင်ဇေယျာ

ကိုးရီးယားမင်းသမီးလေးလို ဆွဲဆောင်မှုရှိရှိ အရမ်းလှနေတဲ့ နန်းခင်ဇေယျာ

သရုပ်ဆောင် အလှမယ် နန်းခင်ဇေယျာဟာ သူမရဲ့ မျက်နှာကို ခွဲစိတ်ပြုပြင်မှုတစ်ခု ပြုလုပ်ခဲ့ တယ်လို့ သိရပါတယ်။ သူမဟာ အလှမယ်တစ်ဦးဖြစ်သလို အလှမယ်ဆိုတဲ့ ဂုဏ်နဲ့ညီအောင် သိမ်သိမ်မွေ့မွေ့ နေထိုင်တက်သူလေးပါ။ သူမဟာ ညိုချောလေးဖြစ်ပြီး စကားပြောတဲ့ အခါ အပြုံးလေးတွေ အရမ်းလှနေသူပါ။ သူမကို ချစ်တဲ့သူတိုင်းက ညိုချောလေးဆိုပြီး တင်စားခေ ါ်ဝေါ်ကြပါတယ်။ မိုမိုလေး ပရိသတ်တွေအတွက် နန်းခင်ဇေယျာ ရဲ့ အလှပုံရိပ်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

နန်းခင်ဇေယျာဟာ မြန်မာနိုင်ငံမှာ အလှမယ်ဆိုပြီး ပြန်လည်ခေတ်စားလာဖို့အတွက် Miss Myanmar International 2012 ဆုကို ရယူခဲ့ပြီးနောက် အလှမယ်ပြိုင်ပွဲတွေလဲများ လာသလို အလှမယ်တွေမှာလဲ နယ်ပယ်အသီးသီး ခေါင်းစဉ်အမျိုးမျိုးနဲ့ ပေါ်ထွက်လာခဲ့ပါ တယ်။ ခုခါမှာတော့ အလှမယ် နန်းခင်ဇေယျာ က သရုပ်ဆောင် တစ်ဦးအဖြစ်ပါ ပရိသတ်တွေ လက်ခံအားပေးခြင်း ခံနေရတာပဲ ဖြစ်ပါတယ်။

မကြာသေးခင်ကလည်း နန်းခင်ဇေယျာ က သရုပ်ဆောင်မြင့်မြတ် ၊ ထိုင်းအလှမယ် ဆွန်ဆွန် တို့နဲ့အတူ အင်းလေးမှာ ရုပ်ရှင် ရိုက်ကူးရေးလုပ်နေတာပါ။ အင်းလေးမှာ ရိုက်ထားတဲ့ သူမပုံလေးတွေကို လည်း နန်းခင်က ဖော်ပြထားပါသေးတယ်။

ဒီတစ်ခါမှာတော့ နန်းခင်ဇေယျာ က ကိုးရီးယားမင်းသမီးလေးလို အရမ်းလှနေတဲ့ သူမပုံရိပ်ကလေးတွေကို ဖော်ပြထားတာပါ။

သရုပ်ဆောင် အလှမယ် နန်းခင်ဇေယျာ ရဲ့ အလှပုံရိပ်ကလေးတွေကို ပရိသတ်တွေ သဘော ကျလိမ့်မယ် ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ မိုမိုလေး ပရိသတ်ကြီးကို ကျေးဇူး အထူးတင်ရှိ ပါတ ယ်နော်။

Moekalay
Source;nan khin zayar, Reference & Credit:momolay.com

Comments are closed.