Snare အဖွဲ့ရဲ့သီချင်းထဲ လူလိုလို့ တစ်ကဒ်ဝင်သရုပ်ဆောင်ခဲ့ဖူးတဲ့ အတိတ်အကြောင်းကို ပြောပြလာတဲ့ G fatt

Snare အဖွဲ့ရဲ့သီချင်းထဲ လူလိုလို့ တစ်ကဒ်ဝင်သရုပ်ဆောင်ခဲ့ဖူးတဲ့ အတိတ်အကြောင်းကို ပြောပြလာတဲ့ G fatt

လူငယ်တွေ အရမ်းကြိုက်နှစ်သက်ကြတဲ့ စာသားအလန်းတွေနဲ့ သီချင်းကောင်းလေးတွေရဲ့ပိုင်ရှင်တစ်ဦးဖြစ်တဲ့ အဆိုတော် G Fatt ကတော့ ထူးချွန်တဲ့ သူ့ရဲ့အနုပညာကြောင့် အချိန် တစ်ခု အတွင်းမှာ အောင်မြင်မှုတွေ ပိုပိုတိုးလာသူတစ်ဦးပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ G Fatt က သူအဆိုတော် မဖြစ်ခင် လမ်းပေါ်မှာ လျှောက်သွားပြီး သီချင်းတွေစလုပ် ခဲ့တဲ့အချိန် မှာ Snare သီချင်းဗီဒီယိုအတွက် လူလိုလို့ တစ်ကဒ်ဝင်သရုပ်ဆောင်ခဲ့ရတာကြောင့် အပျော်လွ န်ခဲ့ဖူးတဲ့ သူ့ရဲ့အတိတ်အကြောင်း ပြောလာတာ တွေ့ရပါတယ်။ ဂီတကို ရူးသွပ်တဲ့ လူငယ်တစ်ဦးအနေနဲ့ ကိုယ်ကြိုက်ရတဲ့ အနုပညာရှင်ရဲ့သီချင်းဗီဒီယိုထဲ ဝင်သရုပ်ဆောင်ဖူးလို့ ပျော်ခဲ့တဲ့ အတိတ်အကြောင်းပြောရင်း G Fatt တစ်ယောက် ပျော်ရွှင်နေတာပါနော်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် Snare သီချင်းဗီဒီယိုထဲ တစ်ကဒ်လောက် ဝင်သရုပ်ဆောင်ရတာကိုတောင် အရမ်းပျော်နေတဲ့ ကောင်လေးက အခုဆိုရင် သီချင်းတွေ အတူတူထိုင်ဆိုနေရပြီဖြစ်တဲ့ အဆိုတော် G Fatt ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

G Fatt ကတော့ ” အဆိုတော် မဖြစ်ခင် လမ်းပေါ်မှာ လျောက်သွား သီချင်းတွေ တစ်ပုဒ် စ်ပုဒ်စ လုပ်နေတုန်း Snare ရဲ့ Ghetto Music Video ရိုက်ကွင်းပေါ် ရောက်သွားခဲ့ဘူးတယ် အဲ့မှာ လူလိုလို့ တစ်ကဒ် ဝင်သရုပ်ဆောင်ခဲ့ဘူးတယ် အိမ်ပြန်ရောက်ေ တာ့ သိပ်ပျော်ခဲ့တာ အမှတ် တရပဲ .. အခု အဲ့သီချင်းကို Snare FG Live Lounge မှာ အတူတူတွဲဆိုချင်လို့ ခွင့်တောင်းတော့ ဆိုခွင့်ပေးတဲ့ ကိုနေဝင်းနဲ့ ကိုဖြိုးလေး ကိုကျေးဇူးတင်ပါတယ် .. Snare FG Live Lounge ကို ၂၈ရက်နေ့ ညနေ၆နာရီ ဝေဇယန္တာ လမ်းမပေါ်က ရေကူး Studio မှာကျင်းပပါမယ် Gfamily လဲရှိနေမယ် အားလုံးလာခဲ့ကြဖို့ ဖိတ်ခေါ်ပါတယ် Music Produced – KGK Band – Lucky Hand” ဆိုပြီး Snare FG Live Lounge မှာ သူပါ Snare အဖွဲ့နဲ့ အဆိုပါသီချင်းလေးကို အတူသီဆိုသွားမယ်ဆိုတဲ့အကြောင်းလည်း ပြောထားပါသေးတယ်။

သီချင်းလေ့ကျင့်နေကြတဲ့ နေဝင်း၊ ဖြိုးလေးနဲ့ G Fatt တို့အဖွဲ့တွေရဲ့ဗီဒီယို


Myint Myat
Source;G Fatt’s Facebook , Reference & Credit:momolay.com

Comments are closed.