တကုိယ္ေရအာသာေျဖတာမ်ားရင္ ဘာေတြျဖစ္လာမလဲ

တကုိယ္ေရအာသာေျဖတာမ်ားရင္ ဘာေတြျဖစ္လာမလဲ

တကိုယ္ေရအာသာေျဖျခင္းဟာ ေဘးထြက္ဆုိးက်ိဳးအနည္းငယ္ရွိတဲ့ သာမန္လိင္ပိုင္းဆုိင္ရာအျပဳအမူျဖစ္ပါတယ္။ တကိုယ္ေရအာသာေျဖတာ မ်ားရင္ မ်က္စိကြယ္သြားႏုိင္တယ္လုိ႔ ေျပာဆုိမႈေတြရွိေနၿပီး ယင္းကဲ့သို႔ေျပာဆုိမႈေတြအမ်ားစုဟာ မမွန္ကန္ပါဘူး။

တကုိယ္ေရအာသာေျဖျခင္းဟာ အမ်ိဳးသားေရာ၊ အမ်ိဳးသမီးေတြပါ ျပဳလုပ္ၾကတဲ့ အျပဳအမူမ်ိဳးျဖစ္ၿပီး ေလ့လာဆန္းစစ္ခ်က္အရ အေမရိကန္ႏုိင္ငံမွာ အသက္ ၁၄ ႏွစ္နဲ႔ ၁၇ ႏွစ္ၾကားအရြယ္ေရာက္လာသူေတြထဲမွာ ေယာက်္ားေလးက ၇၄ ရာခုိင္ႏႈန္း၊ မိန္းကေလးက ၄၈ ရာခုိင္ႏႈန္းအထိ တကိုယ္ေရအာသာေျဖေလ့ရွိတယ္လုိ႔ သိရပါတယ္။

အသက္ ၅၇ ႏွစ္နဲ႔ ၆၄ ႏွစ္ၾကား လူႀကီးေတြကို ေလ့လာဆန္းစစ္တဲ့အခါမွာ အမ်ိဳးသားက ၆၃ ရာခုိင္ႏႈန္း၊ အမ်ိဳးသမီးက ၃၂ ရာခိုင္ႏႈန္းရွိေၾကာင္း သိရပါတယ္။ တကိုယ္ေရအာသာေျဖတဲ့သူေတြမွာ အေၾကာင္းျပခ်က္မ်ားစြာရွိေနၿပီး သာယာမႈ၊ စိတ္ေပ်ာ္ရႊင္မႈ၊ တင္းအားေလွ်ာ့က်ေစႏုိင္မႈတို႔ေၾကာင့္ ျဖစ္တယ္လုိ႔ ဆုိပါတယ္။

ဒါေပမယ့္လည္း တန္ေဆးလြန္ေဘးဆုိတဲ့စကားအတုိင္း တကိုယ္ေရအာသာေျဖတာ အခ်ိန္အနည္းငယ္အတြင္းမွာ အႀကိမ္ေရမ်ားလာခဲ့မယ္ဆိုရင္ Edema လုိ႔ ေခၚတဲ့ တစ္သွ်ဴးအနီးနားက ေသြးေၾကာေပါက္ၿပီး အရည္ျပားေယာင္ယမ္းမႈေတြ ျဖစ္ႏုိင္ပါတယ္။ ဒါ့အျပင္ အနာျဖစ္ျခင္းနဲ႔ ပြတ္တုိက္မႈမ်ားတဲ့အတြက္ အေရျပားအထိမခံႏုိင္ေလာက္ေအာင္ ျဖစ္ျခင္းတို႔ ျဖစ္ေပၚႏုိင္ပါတယ္။

တကုိယ္ေရအာသာေျဖျခင္းကို တစ္ပတ္မွာ ဘယ္ႏွႀကိမ္လုပ္သင့္လဲဆိုတာနဲ႔ပတ္သက္ၿပီး တိက်ေသခ်ာတဲ့အေျဖမရွိဘဲ လိင္အဂၤါရဲ႕က်န္းမာေရးနဲ႔သာ သက္ဆုိင္ၿပီး အခ်ိဳ႕အမ်ိဳးသားေတြဟာ တစ္ေန႔ကို ၃ ႀကိမ္၊ အခ်ိဳ႕ကလည္း ၅ ႀကိမ္၊ အခ်ိဳ႕ကလည္း တစ္ပတ္မွ ၁ ႀကိမ္သာ ျပဳလုပ္ေလ့ရွိတယ္လို႔သိရပါတယ္။

[UNICODE FONT]

တကိုယ်ရေအာသာဖြေခြင်းဟာ ဘေးထွက်ဆိုးကျိုးအနည်းငယ်ရှိတဲ့ သာမန်လိင်ပိုင်းဆိုင်ရာအပြုအမူဖြစ်ပါတယ်။ တကိုယ်ရေအာသာဖြေတာ များရင် မျက်စိကွယ်သွားနိုင်တယ်လို့ ပြောဆိုမှုတွေရှိနေပြီး ယင်းကဲ့သို့ပြောဆိုမှုတွေအများစုဟာ မမှန်ကန်ပါဘူး။

တကိုယ်ရေအာသာဖြေခြင်းဟာ အမျိုးသားရော၊ အမျိုးသမီးတွေပါ ပြုလုပ်ကြတဲ့ အပြုအမူမျိုးဖြစ်ပြီး လေ့လာဆန်းစစ်ချက်အရ အမေရိကန်နိုင်ငံမှာ အသက် ၁၄ နှစ်နဲ့ ၁၇ နှစ်ကြားအရွယ်ရောက်လာသူတွေထဲမှာ ယောကျ်ားလေးက ၇၄ ရာခိုင်နှုန်း၊ မိန်းကလေးက ၄၈ ရာခိုင်နှုန်းအထိ တကိုယ်ရေအာသာဖြေလေ့ရှိတယ်လို့ သိရပါတယ်။

အသက် ၅၇ နှစ်နဲ့ ၆၄ နှစ်ကြား လူကြီးတွေကို လေ့လာဆန်းစစ်တဲ့အခါမှာ အမျိုးသားက ၆၃ ရာခိုင်နှုန်း၊ အမျိုးသမီးက ၃၂ ရာခိုင်နှုန်းရှိကြောင်း သိရပါတယ်။ တကိုယ်ရေအာသာဖြေတဲ့သူတွေမှာ အကြောင်းပြချက်များစွာရှိနေပြီး သာယာမှု၊ စိတ်ပျော်ရွှင်မှု၊ တင်းအားလျှော့ကျစေနိုင်မှုတို့ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့်လည်း တန်ဆေးလွန်ဘေးဆိုတဲ့စကားအတိုင်း တကိုယ်ရေအာသာဖြေတာ အချိန်အနည်းငယ်အတွင်းမှာ အကြိမ်ရေများလာခဲ့မယ်ဆိုရင် Edema လို့ ခေါ်တဲ့ တစ်သျှူးအနီးနားက သွေးကြောပေါက်ပြီး အရည်ပြားယောင်ယမ်းမှုတွေ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် အနာဖြစ်ခြင်းနဲ့ ပွတ်တိုက်မှုများတဲ့အတွက် အရေပြားအထိမခံနိုင်လောက်အောင် ဖြစ်ခြင်းတို့ ဖြစ်ပေါ်နိုင်ပါတယ်။

တကိုယ်ရေအာသာဖြေခြင်းကို တစ်ပတ်မှာ ဘယ်နှကြိမ်လုပ်သင့်လဲဆိုတာနဲ့ပတ်သက်ပြီး တိကျသေချာတဲ့အဖြေမရှိဘဲ လိင်အင်္ဂါရဲ့ကျန်းမာရေးနဲ့သာ သက်ဆိုင်ပြီး အချို့အမျိုးသားတွေဟာ တစ်နေ့ကို ၃ ကြိမ်၊ အချို့ကလည်း ၅ ကြိမ်၊ အချို့ကလည်း တစ်ပတ်မှ ၁ ကြိမ်သာ ပြုလုပ်လေ့ရှိတယ်လို့သိရပါတယ်။

Comments are closed.