ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံနှစ်ဦးလုံး ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၃)နှစ်စီချမှတ်ခံရ

အနုပညာလောကမှာ အောင်မြင်မှုတွေနဲ့ လျှောက်လှမ်းခဲ့တဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင် တို့ ဇနီးမောင်နှံနှစ်ဦးကတော့ နွေဦးတော်လှန်ရေး လူထုလှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့ တစ်သားတည်းရပ်တည်ပြီး အတူတကွ ပါဝင်လှုပ်ရှားခဲ့ပါတယ်။ ဒီလို ပါဝင်လုပ်ဆောင်မှုတွေကြောင့် ၅၀၅(က) ဖြင့် အမှုစွဲဆိုခံရပြီး ဧပြီလပိုင်းလောက်မှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

ဖမ်းဆီးခံရတဲ့ နောက်ပိုင်းမှာလည်း အင်းစိန်ထောင်အတွင်းမှာ ချုပ်နှောင်ခံထားရပြီး ယနေ့ထိဆိုရင် (၈) လတောင်ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ ဖမ်းဆီးခံထားရချိန်မှာလည်း လွတ်ငြိမ်းချမ်းသာခွင့်တွေ ရှိခဲ့ပေမယ့် ဇနီးမောင်နှံနှစ်ဦးလုံး လွတ်မြောက်လာခဲ့ခြင်း မရှိခဲ့ပါဘူး။ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင် တို့ကိုချစ်ကြတဲ့ ပြည်သူ့ပရိသတ်တွေက အမြန်ဆုံး လွတ်မြောက်လာအောင်လည်း ဆုတောင်းပေးထားကြတာလည်း တွေ့မြင်ရပါတယ်။

ဒီကနေ့ ဒီဇင်ဘာလ (၃၀) ရက်မှာ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင် တို့ဇနီးမောင်နှံနှစ်ဦးရဲ့ စိတ်မကောင်းစရာ သတင်းကို ထပ်မံကြားသိရပါ တယ်။ ဒါကတော့ အင်းစိန်ထောင်တွင်းတရားရုံးကနေ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့နှစ်ဦးကို အလုပ်ကြမ်း နှင့် ထောင်ဒဏ် (၃) နှစ်စီ ချမှတ်ခဲ့ကြောင်း ကြားသိရပါတယ်။ ထောင် (၃)နှစ်စီ ချမှတ်ခံရတဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံနှစ်ဦးကို အမြန်ဆုံးပြန်လည် လွတ်မြောက်အောင် ပရိသတ်တွေကလည်း ဝိုင်းဝန်း ဆုတောင်းပေးကြပါဦးနော်။

သတင်းအရင်းအမြစ်៖ Source – BBC

Advertisement

[zawgyi]

အႏုပညာေလာကမွာ ေအာင္ျမင္မႈေတြနဲ႔ ေလွ်ာက္လွမ္းခဲ့တဲ့ ေျပတီဦးနဲ႔ အိျႏၵာေက်ာ္ဇင္ တို႔ ဇနီးေမာင္ႏွံႏွ စ္ဦးကေတာ့ ေႏြဦးေတာ္လွန္ေရး လူထုလႈပ္ရွားမႈေတြမွာ ျပည္သူေတြနဲ႔ တစ္သားတည္းရပ္တည္ၿပီး အတူတကြ ပါဝင္လႈ ပ္ရွားခဲ့ပါတယ္။ ဒီလို ပါဝင္လုပ္ေဆာင္မႈေတြေၾကာင့္ ၅၀၅(က) ျဖင့္ အမႈစြဲဆိုခံရၿပီး ဧၿပီလပိုင္းေလာက္မွာ ဖမ္းဆီးခံခဲ့ရတာ ျဖစ္ပါတယ္။

ဖမ္းဆီးခံရတဲ့ ေနာက္ပိုင္းမွာလည္း အင္းစိန္ေထာင္အတြင္းမွာ ခ်ဳပ္ေႏွာင္ခံထားရၿပီး ယေန႔ထိဆိုရင္ (၈) လေ တာင္ၾကာျမင့္ခဲ့ၿပီျဖစ္ပါတယ္။ ဖမ္းဆီးခံထားရခ်ိန္မွာလည္း လြတ္ၿငိမ္းခ်မ္းသာခြင့္ေတြ ရွိခဲ့ေပမယ့္ ဇနီးေ မာင္ႏွံႏွစ္ဦးလုံး လြတ္ေျမာက္လာခဲ့ျခင္း မရွိခဲ့ပါဘူး။ ေျပတီဦးနဲ႔ အိျႏၵာေက်ာ္ဇင္ တို႔ကိုခ်စ္ၾကတဲ့ ျပည္သူ႔ပရိ သတ္ေတြက အျမန္ဆုံး လြတ္ေျမာက္လာေအာင္လည္း ဆုေတာင္းေပးထားၾကတာလည္း ေတြ႕ျမင္ရပါတယ္။

ဒီကေန႔ ဒီဇင္ဘာလ (၃၀) ရက္မွာ ေျပတီဦးနဲ႔ အိျႏၵာေက်ာ္ဇင္ တို႔ဇနီးေမာင္ႏွံႏွစ္ဦးရဲ႕ စိတ္မေကာင္းစရာ သတင္းကို ထပ္မံၾကားသိရပါ တယ္။ ဒါကေတာ့ အင္းစိန္ေထာင္တြင္းတရား႐ုံးကေန ေျပတီဦးနဲ႔ အိျႏၵာေက်ာ္ဇင္တို႔ႏွစ္ဦးကို အလုပ္ၾကမ္း ႏွင့္ ေထာင္ဒဏ္ (၃) ႏွစ္စီ ခ်မွတ္ခဲ့ေၾကာင္း ၾကားသိရပါတယ္။ ေထာင္ (၃)ႏွစ္စီ ခ်မွတ္ခံရတဲ့ ေျပတီဦးနဲ႔ အိျႏၵာေက်ာ္ဇင္တို႔ ဇနီးေမာင္ႏွံႏွစ္ဦးကို အျမန္ဆုံးျပန္လည္ လြတ္ေျမာက္ေအာင္ ပရိသတ္ေတြ ကလည္း ဝိုင္းဝန္း ဆုေတာင္းေပးၾကပါဦးေနာ္။

Advertisement

Be the first to comment

Leave a Reply

Your email address will not be published.


*