တက္တူးထုိးဖို႔ လိင္တံနဲ႔ေဝွးေစ့ကို ဒလိမ့္တံုးနဲ႔ လွိမ့္ခဲ့တဲ့ အမ်ိဳးသား

တက္တူးထုိးဖို႔ လိင္တံနဲ႔ေဝွးေစ့ကို ဒလိမ့္တံုးနဲ႔ လွိမ့္ခဲ့တဲ့ အမ်ိဳးသား

ေရးဟုပ္တန္လို႔ အမည္ရတဲ့ အသက္ ၆၁ ႏွစ္အရြယ္ ကာယဆရာဟာ ခႏၶာကိုယ္တစ္ခုလံုးကို တက္တူးေတြ အျပည့္ထုိးထားၿပီး လိင္တံနဲ႔ ေဝွးေစ့မွာပါ တက္တူးထုိးလုိ႔ရေအာင္ ဒလိမ့္တံုးနဲ႔ လွိမ့္ခဲ့ပါတယ္။

တက္တူးဝါသနာအိုး ေရးဟုပ္တန္ဟာ ၎ရဲ႕လိင္အဂၤါကို ၄ နာရီၾကာ တက္တူးထုိးခဲ့ၿပီးေနာက္ တစ္ကိုယ္လံုး တက္တူးေတြနဲ႔ျပည့္ႏွက္ေနတဲ့ ခႏၶာကိုယ္ကို ဂုဏ္ယူဝင့္ၾကြားစြာနဲ႔ ျပသခဲ့ပါတယ္။

ေရးဟုပ္တန္ဟာ တက္တူးထုိးဖို႔အတြက္ ေပါင္ ၇၅၀၀ အထိ အသံုးျပဳခဲ့ၿပီး တက္တူးထုိးဖို႔ စုစုေပါင္း နာရီ ၂၄၀ ၾကာ အခ်ိန္ကုန္ဆံုးခဲ့ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

မန္ခ်က္စတာမွာ ေနထုိင္တဲ့ ေရးဟုပ္တန္ဟာ ခႏၶာကိုယ္တစ္ခုလံုး တက္တူးအျပည့္ထိုးဖို႔အတြက္ ၂ ႏွစ္ၾကာျမင့္ခဲ့တယ္လုိ႔ သိရပါတယ္။

ေရးဟုပ္တန္ဟာ ၎ရဲ႕ရွက္စရာေကာင္းတဲ့ တက္တူးတစ္ခုကို ဖံုးအုပ္ဖို႔ ႀကိဳးပမ္းခဲ့ရာကေန တက္တူးထုိးရတာကို စြဲလမ္းသြားခဲ့တာျဖစ္တယ္လုိ႔ သိရပါတယ္။ ဆယ္ေက်ာ္သက္ဘဝတုန္းက ေတာ္ဝင္အေျမာက္တပ္မွာ တာဝန္ထမ္းေဆာင္ခဲ့တဲ့ ေရးဟုပ္တန္ဟာ အသက္ႀကီးရင့္လာမႈေၾကာင့္ အေရျပားေတြ တြန္႔ေနတာကို တက္တူးေတြနဲ႔ ဖံုးအုပ္ဖို႔ ႀကိဳးစားခဲ့တာျဖစ္တယ္လုိ႔ ေျပာၾကားခဲ့ပါတယ္။

လက္ရွိအခ်ိန္မွာ အရင္ကထက္ အသက္ ၂၀ ပိုငယ္သြားတယ္လုိ႔ လိင္အဂၤါကို တက္တူးထုိးခဲ့ၿပီးေနာက္ ေရးဟုပ္တန္က ေျပာၾကားခဲ့ပါတယ္။ လိင္အဂၤါကို တက္တူးထုိးရတာဟာ လြယ္လြယ္ကူကူနဲ႔ ထုိးခဲဲ့ရတာမဟုတ္ဘဲ တက္တူးထုိးေနတဲ့ ေလးနာရီအတြင္း ေရးဟုပ္တန္ရဲ႕ေဝွးေစ့ဟာ ပံုမွန္အရြယ္အစားအတုိင္း ၄ ႀကိမ္အထိ ျပန္လည္ေဖာင္းလာခဲ့တယ္လို႔ သိရပါတယ္။

[UNICODE FONT]

ရေးဟုပ်တန်လို့ အမည်ရတဲ့ အသက် ၆၁ နှစ်အရွယ် ကာယဆရာဟာ ခန္ဓာကိုယ်တစ်ခုလုံးကို တက်တူးတွေ အပြည့်ထိုးထားပြီး လိင်တံနဲ့ ဝှေးစေ့မှာပါ တက်တူးထိုးလို့ရအောင် ဒလိမ့်တုံးနဲ့ လှိမ့်ခဲ့ပါတယ်။

တက်တူးဝါသနာအိုး ရေးဟုပ်တန်ဟာ ၎င်းရဲ့လိင်အင်္ဂါကို ၄ နာရီကြာ တက်တူးထိုးခဲ့ပြီးနောက် တစ်ကိုယ်လုံး တက်တူးတွေနဲ့ပြည့်နှက်နေတဲ့ ခန္ဓာကိုယ်ကို ဂုဏ်ယူဝင့်ကြွားစွာနဲ့ ပြသခဲ့ပါတယ်။

ရေးဟုပ်တန်ဟာ တက်တူးထိုးဖို့အတွက် ပေါင် ၇၅၀၀ အထိ အသုံးပြုခဲ့ပြီး တက်တူးထိုးဖို့ စုစုပေါင်း နာရီ ၂၄၀ ကြာ အချိန်ကုန်ဆုံးခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

မန်ချက်စတာမှာ နေထိုင်တဲ့ ရေးဟုပ်တန်ဟာ ခန္ဓာကိုယ်တစ်ခုလုံး တက်တူးအပြည့်ထိုးဖို့အတွက် ၂ နှစ်ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။

ရေးဟုပ်တန်ဟာ ၎င်းရဲ့ရှက်စရာကောင်းတဲ့ တက်တူးတစ်ခုကို ဖုံးအုပ်ဖို့ ကြိုးပမ်းခဲ့ရာကနေ တက်တူးထိုးရတာကို စွဲလမ်းသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဆယ်ကျော်သက်ဘဝတုန်းက တော်ဝင်အမြောက်တပ်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ရေးဟုပ်တန်ဟာ အသက်ကြီးရင့်လာမှုကြောင့် အရေပြားတွေ တွန့်နေတာကို တက်တူးတွေနဲ့ ဖုံးအုပ်ဖို့ ကြိုးစားခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

လက်ရှိအချိန်မှာ အရင်ကထက် အသက် ၂၀ ပိုငယ်သွားတယ်လို့ လိင်အင်္ဂါကို တက်တူးထိုးခဲ့ပြီးနောက် ရေးဟုပ်တန်က ပြောကြားခဲ့ပါတယ်။ လိင်အင်္ဂါကို တက်တူးထိုးရတာဟာ လွယ်လွယ်ကူကူနဲ့ ထိုးခဲ့ရတာမဟုတ်ဘဲ တက်တူးထိုးနေတဲ့ လေးနာရီအတွင်း ရေးဟုပ်တန်ရဲ့ဝှေးစေ့ဟာ ပုံမှန်အရွယ်အစားအတိုင်း ၄ ကြိမ်အထိ ပြန်လည်ဖောင်းလာခဲ့တယ်လို့ သိရပါတယ်။

Comments are closed.