စပွန်ဆာ ရဲ့ တစ်ချို့အကြောင်း အရာတွေကို အသိပေးလာတဲ့ နေတိုး

စပွန်ဆာ ရဲ့ တစ်ချို့အကြောင်း အရာတွေကို အသိပေးလာတဲ့ နေတိုး

မန်မာပြည်ရဲ့ ပရိသတ်တွေကြားမှာ နံပတ်တစ်ဖြစ်နေတဲ့ အကယ်ဒမီသရုပ်ဆောင်နေတိုးဟာ သူ့ရဲ့နောက်ထပ် ကာရိုက်တာအသစ်တစ်ခုကို ပရိသတ်တွေထံ ချပြလာခဲ့ပါတယ်။ သူဟာ ပရိသတ်တွေရဲ့ အချစ်ကို အများဆုံးရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ပီပီ သူ့ရဲ့ အကောင်း ဆုံး သော ကာရိုက်တာတွေကိုလဲ တစ်ကားနဲ့ တစ်ကားထပ်မနေအောင် ရိုးမသွားအောင် ချပြလေ့ရှိပါတယ်။ ယခု မကြာခင်မှာရုံတင်ပြသတော့မယ့် နေတိုးရဲ့ စပွန်ဆာဆိုတဲ့ ရုပ်ရှင် ဇာတ်ကားကြီးက သူ့ရဲ့ အနုပညာအတွက် စိန်ခေါ်မှုတစ်ခုဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် ဒီကားနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေကို နေတိုးကပြောပြလာခဲ့ပါတယ်။

သူပြောပြခဲ့တာကတော့ “ ဇာတ်လမ်းပုံစံကတော့ ဒရမ်မာ ပေါ့နော်။ ဇာတ်လမ်းပုံစံကတော့ family ဒရမ်မာကိုမှ ကာရိုက်တာက နည်းနည်းလေးဆန်းတယ်။ အဓိကကတော့ လူ့ဘဝဖြတ်သန်းတဲ့ အချိန်မျိုးမှာ တကယ့်ကို ခက်ခဲနေတဲ့အချိန်မျိုးမှာလူတစ်ယောက်က ဆုံးဖြတ်ချက်အမှားတစ်ခုကြောင့် ဘဝတစ်ခုကိုပါ ပေးဆပ်လိုက်ရတယ်။ ခေါင်းမဖော်ရဲတဲ့ဘဝမျိုးနဲ့ ပတ်ဝန်းကျင်မှာ နေသွားရတယ်ဆိုတဲ့ Message လေး ပေးချင်တာပါ။ ဘယ်လိုအခြေအနေအချိန်အခါမျိုးကိုဘဲ ရောက်ရောက် ပတ်ဝန်းကျင် မိဘအသိုင်းအဝိုင်း တွေကြားမှာ ကိုယ့်ရဲ့ အလုပ်တစ်ခုက မွန်မြတ်တဲ့အလုပ် ဖြစ်ဖို့လိုတယ်။ အဲ့လိုမဖြစ်ဘူးဆိုရင် ကိုယ့်ရဲ့ လုပ်ဆောင်ချက်တစ်ခုကြောင့် ကိုယ့်ရဲ့ family တစ်ခုလုံး ပတ်ဝန်ကျင်တစ်ခုလုံး ညစ်နွမ်းသွားစေမယ် ဆိုတဲ့ ရည်ရွယ်ချက် မျိုးတွေ ပါဝင်တယ်ပေါ့နော်”


“ကာရိုက်တာက သူ့ကို အဓိကထားတာမဟုတ်ဘူး။ ဇာတ်အရ အခြေအနေတစ်ခုအရ အကြောင်းကြောင်းတစ်ခုအရ စပွန်ဆာ လုပ်တယ်ဆိုတဲ့ အကြောင်းအရာလေးတစ်ခုကို ကျွန်တော်တို့က Title လဲပေးဖြစ်တယ် ပရိသတ်မှတ်မိလဲလွယ်မယ် စိတ်လဲစိတ်ဝင်စားမ ယ်လို့ ထင်လို့ အားလုံးရဲ့ ဆုံးဖြတ်ချက်နဲ့ ဒီနာမည်လေးပေးဖြစ်ပါတယ်။ ဒီကားရဲ့ hight light ကတော့ မိသားစု ဒရမ်မာတစ်ခုကို ဦးစားပေးရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီကားကြည့်ပြီးရင်တော့ပရိသတ်ရဲ့ ထင်မြင်ချက်က တစ်မျိုးပြန်ဖြစ်သွားနိုင်ပါတယ်”



May Phyo(mml)
Source – momolay tv,Reference & Credit: momolay.com

Comments are closed.