ချွဲနွဲ့ပြီးမနေတက်တာကြောင့် မောင်လေးတွေနဲ့ အဆင်မပြေဘူးလို့ ဆိုတဲ့ သင်ဇာဝင့်ကျော်

ချွဲနွဲ့ပြီးမနေတက်တာကြောင့် မောင်လေးတွေနဲ့ အဆင်မပြေဘူးလို့ ဆိုတဲ့ သင်ဇာဝင့်ကျော်

ပရိသတ်တွေချစ်တဲ့ သရုပ်ဆောင်လဲဖြစ်၊sexy မော်ဒယ်တစ်ဦးလဲဖြစ်တဲ့ သင်ဇာဝင့်ကျော်ဟာ သူမရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီးပြောပြလာခဲ့ပါတယ်။ သူမဟာ မကြာသေးခင်လပိုင်းအတွင်း ကမှ ချစ်သူနဲ့ နှစ်ဦးသဘော တူလမ်းခွဲ ခဲ့ကြတာဖြစ်ပြီး ယခုချိန်မှာတော့ Single အဖြစ် ရပ်တည်နေပါတယ်။ သူမဟာအနုပညာအလုပ်တွေလုပ်တဲ့အခါမှာ မောင်လေးတွေနဲ့ အတူ ယှဉ်တွဲ ပြီး လုပ်ကိုင်ရတာ ဖြစ်လို့ ပရိသတ်တွေသိချင်နေကြတဲ့ မောင်လေးတွေနဲ့ ကိုကြီးတွေ ဘယ်သူ့ကို ချစ်သူအဖြစ်လက်တွဲမှာလဲ ဆိုတဲ့ အဖြေက်ု ရှင်းရှင်းလင်းလင်းပြောပြလာပါတယ်။

သူပြောပြခဲ့တာကတော့ “ မောင်လေးတွေမကြိုက်ဘူး သင်ဇာထက် အသက်၅နှစ် ၆နှစ် ကြီး တဲ့ သူပဲကြိုက်တယ်သင်ဇာက အေးအေးနေတက်တဲ့ သူမျိုးဆိုတော့ သူများကိုလိုက်ပြီး ချွဲပြီးသူများကို care လုပ်နေတဲ့ ပုံစံမျိုးလဲ မဟုတ်တဲ့အတွက်ကြောင့် မောင်လေးတွေနဲ့ ဆိုအဆင်မပြေလောက်ဘူး ။ မောင်လေးတွေကြတော့ ဂရုစိုက်ရမယ် သိတဲ့အတိုင်း အရိပ်တကြည့်ကြည့်နဲ့ ကြည့်နေရမယ် ဆိုတော့ သင်ဇာပုံစံနဲ့ အဆင်မပြေဘူး”လို့ ဆိုပြီး မောင်လေးတွေကို အပြတ်ငြင်းလိုက်ပါပြီနော်။

သင်ဇာဟာ မကြာခင်မှာလဲ မြမြရုပ်ရှင်ဇာတ်ကားကိုရိုက်ကူးတော့မှာဖြစ်ပြီး သူမရဲ့ နောက်ကြိမ် လျှောက်လှမ်းခွင့်ရမယ့် အနုပညာလမ်းကြောင်းတစ်ခုဘဲ ဖြစ်ပါတယ်။ ယူတို့ ချစ်တဲ့ မမသင်ဇာ အတွက် အားပေးစကားတွေပြောခဲ့ကြအုံးနော်။

ဖတ်ရှု့ပေးတဲ့ မိုမိုလေးချစ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။
May Phyo(mml)
Source – momolay tv, Reference & Credit:momolay.com

Comments are closed.