သူကြိုက်တဲ့ Type ကို သူ ရအောင် ပုံသွင်းရင်း ကိုယ်အကြိုက်ဆုံး Type ဖြစ်လာတယ် ဆိုတဲ့ ဧငြိမ်းဖြူ

သူကြိုက်တဲ့ Type ကို သူ ရအောင် ပုံသွင်းရင်း ကိုယ်အကြိုက်ဆုံး Type ဖြစ်လာတယ် ဆိုတဲ့ ဧငြိမ်းဖြူ

သရုပ်ဆောင်ပိုင်းမှာရော အကပိုင်းမှာပါ ထူးချွန်သူလေးတစ်ဦးဖြစ်တဲ့ ဧငြိမ်းဖြူကတော့ အသံ ဇာတ်လမ်းတွဲလေးတွေနဲ့ ပရိသတ်ရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားသူလေးပဲ ဖြစ် ပါတယ်။ အချစ်ရေးမှာလည်း သဲသဲလှုပ်ဂရုစိုက်တတ်တဲ့ ချစ်သူကို ပိုင်ဆိုင်ထားတဲ့ ဧငြိမ်းဖြူ ကတော့ သူမရဲ့ ကံကောင်းလှတဲ့ အချစ်ရေးလေးအတွက် အမြဲတမ်း ဂုဏ်ယူနေသူဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ဧငြိမ်းဖြူနဲ့ ရဲရင့်အောင်တို့ ချစ်သူနှစ်ယောက်ကို အားကျသဘော ကျကြပါတယ်။

ဒီတစ်ခေါက်မှာလည်း ဧငြိမ်းဖြူက ယောကျာ်းလေးတစ်ယောက်ရဲ့ သွင်ပြင်ပုံစံအတိုင်း အင်္ကျီအပွ၊ ဘောင်းဘီအပွကြီးတွေဝတ်ပြီး ဓာတ်ဖမ်းခဲ့ပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် ဧငြိမ်းဖြူရဲ့ အမိုက်စားပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ဧငြိမ်းဖြူကတော့ “သူကြိုက်တဲ့ Type ကို သူ ရအောင်ပုံသွင်းရင်း ကိုယ်အကြိုက်ဆုံး Type ဖြစ်လာတယ်” လို့တောင် ဆိုလာပါတယ်။ 😍😍😍

ရဲရင့်အောင်က အရင်ကတည်းက ဧငြိမ်းဖြူကို သူ့ရဲ့ အဝတ်အစားတွေ ပေးဝတ်ပြီး အထာကျကျ မိန်းကလေးတစ်ယောက်အဖြစ် ပုံသွင်းပေးခဲ့တာပဲ ဖြစ်ပါတယ်။

ဧငြိမ်းဖြူက လက်ရှိမှာတော့ ရုပ်သံဇာတ်လမ်းတွဲတွေမှာ သရုပ်ဆောင်နေပြီး အခြားသော အနုပညာလုပ်ငန်းတွေကိုလည်း စဉ်ဆက်မပြတ်လုပ်ကိုင်နေတာ တွေ့ရပါတယ်။

ဧငြိမ်းဖြူကတော့ ရဲရင့်အောင် အကြိုက် အထာကျကျမိန်းကလေးတစ်ယောက်အနေနဲ့ အရမ်းမိုက်တာပဲနော်။ ပရိသတ်ကြီးလည်း ဧငြိမ်းဖြူရဲ့ ပုံရိပ်တွေကို သဘောကျရင် Like & Share လုပ်ဖို့ မမေ့ပါနဲ့နော်။

Rowena
Source: A Nyein Phyu’s fb, Reference & Credit:momolay.com

Comments are closed.