

စွဲဆောင်မှုရှိတဲ့မျက်နှာလေးနဲ့ နိုင်ငံခြားသူလေးတစ်ယောက်လို လှပတဲ့ ပတ်ထရစ်ရှာက မော်ဒယ်လောကမှာသာမက သရုပ်ဆောင်လောကမှာပါ အောင်မြင်သူလေး ဖြစ်ပါတယ်။ ပတ်ထရစ်ရှာက ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးခြင်းကို ရရှိထားတာပဲ ဖြစ်ပါတယ်။ ပတ်ထရစ်ရှာက လက်ရှိမှာလည်း သူမချစ်တဲ့ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်လုပ်ကိုင်နေလျက်ရှိပါတယ်။

ပတ်ထရစ်ရှာက လက်ရှိမှာတော့ ရှမ်းပြည်နယ်ရဲ့ အထင်ကရေဒေသဖြစ်တဲ့ အင်းလေးကန် ကြီးဆီ ရောက်ရှိနေတာ ဖြစ်ပါတယ်။ပရိသတ်တွေအတွက် ပတ်ထရစ်ရှာရဲ့ အင်းလေးရောက် ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်နော်။

ပတ်ထရစ်ရှာက ဒါရိုက်တာကိုပေါက်ရိုက်ကူးတဲ့ “လူထဲကလူ” ရုပ်ရှင်ဇာတ်ကားကို မြင့်မြတ်၊ အောင်လေး၊ စိုးမြတ်သူဇာ၊ ခင်လှိုင်၊ ဂွမ်းပုံတို့နဲ့အတူတူ ရိုက်ကူးမှာပဲ ဖြစ်ပါတယ်။

“လူထဲကလူ” ရုပ်ရှင်ဇာတ်ကားကြီးကို အင်းလေး၊ ပင်းတယ၊ မန္တလေး၊ စစ်ကိုင်း၊ ပြင်ဦးလွင်၊ ပုဂံစတဲ့ မြန်မာနိုင်ငံရဲ့ အထင်ကရနေရာအနှံမှာ သွားရောက် ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။

ပတ်ထရစ်ရှာကတော့ အင်းလေးကန်ရေပြင်ကြီးနဲ့အပြိုင် လှပနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပတ်ထရစ်ရှာရဲ့ အင်းလေးရောက်ပုံရိပ်တွေကို သဘောကျရင် Like & Share လုပ်ဖို့ မမေ့ပါနဲ့နော်။

Source: Patricia’s fb,Reference & Credit-MOMOLAY

Comments are closed.