မန်ယူနိုက်တက်သတင်းတိုများ
[UNICODE FONT]
၁။ မန်ယူနိုက်တက်နည်းပြဆိုးရှားက ဒီဇန်နဝါရီလအပြောင်းအရွှေ့မှာ အသင်းကို ကစားသမားသစ်ရောက်လာဖို့ မမျှော်လင့်ထားဘူးလို့ ပြောကြားခဲ့ပါတယ်။
၂။ ကွင်းလယ်လူ ပါရဲရားကတော့ မန်ယူနိုက်တက်အသင်းကမ်းလှမ်းထားတဲ့ စာချုပ်သစ်ကို ငြင်းပယ်ခဲ့ပြီးနောက် လာမယ့်နွေရာသီမှာ ဗလင်စီယာအသင်းဆီ အလွတ်ပြောင်းရွှေ့ဖို့ ရှိနေပါတယ်။
၃။ မန်ယူနိုက်တက်ရဲ့ ကွင်းလယ်ပစ်မှတ်တဦးဖြစ်တဲ့ မီလင်ကိုဗစ်-ဆာဗစ်ဟာ လာဇီယိုအသင်းကနေ ထွက်ခွာမှာ မဟုတ်ဘူးလို့ အေးဂျင့်ဖြစ်သူက အတည်ပြုပြောကြားခဲ့ပါတယ်။
၄။ အသက် (၂၀)အရွယ်သာရှိသေးတဲ့ ခံစစ်ကစားသမားလေး ဝီလီယံဟာ မန်ယူနိုက်တက်အတွက် ဒီနေ့ညမှာ ပွဲထွက်ကစားဖွယ်ရှိနေတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။
၅။ မန်ယူနိုက်တက်အသင်းကနေ ထုတ်ပယ်ခံခဲ့ရတဲ့ နည်းပြဟိုဆေးမော်ရင်ညိုကို ပေါ်တူဂီကလပ် ဘင်ဖီကာအသင်းက နည်းပြအဖြစ်ခန့်အပ်ဖို့ ကြိုးစားနေကြောင်း Express သတင်းစာက ဆိုပါတယ်။
၆။ မန်ယူနိုက်တက်အသင်းဟာ ရိုးမားအသင်းရဲ့နောက်ခံလူ မာနိုလက်စ်ကို ခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံး အသင်း ဖြစ်နေပါတယ်။ အားနည်းနေတဲ့ခံစစ်ပိုင်းကို အားဖြည့်ဖို့အတွက် ယူနိုက်တက်အနေနဲ့ ဂရိနောက်ခံလူကို ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။