ရုပ်ရှင်အစည်းအရုံးအတွက် အလှူ ငွေ သိန်းဆယ်နဲ့ချီလှူဒါန်းလိုက်တဲ့ စမိုင်းလ်တို့ မိသားစု

ရုပ်ရှင်အစည်းအရုံးအတွက် အလှူ ငွေ သိန်းဆယ်နဲ့ချီလှူဒါန်းလိုက်တဲ့ စမိုင်းလ်တို့ မိသားစု

ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေနဲ့ အောင်မြင် မှုတွေအခိုင်အမာရရှိထားသလို အလှူအတန်းတွေကိုလည်း မကြာခဏပြုလုပ်လေ့ ရှိသူ ကတော့ သရုပ်ဆောင်မင်းသမီးချော စမိုင်းလ်ပါပဲ..။အောင်မြင်တဲ့ ပရိသတ်အချစ်တော် အနုပညာရှင်အဖြစ် ရပ်တည်နေသလို ချစ်စရာသမီးလေးနှစ်ယောက်နဲ့အတူ ကြည်နူးစရာ မိသားစုလေးကိုလည်း ပိုင်ဆိုင်ထားသူပဲ ဖြစ်ပါတယ်..။

အလှူအတန်းတွေကို တက်နိုင်သလောက်ပြုလုပ်နေတဲ့ စမိုင်းလ်ကတော့ အခုတစ်ခါမှာ လည်း မိသားစုနဲ့အတူ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအတွက် အလှူငွေတွေ လှူဒါန်းလိုက် ပြန်ပါတယ်..။ရုပ်ရှင်အစည်းအရုံး သက်ကြီးပူဇော်ပွဲအတွက် အလှူငွေအဖြစ် (၁၀)သိန်းကို ပေးအပ်လှူဒါန်းလိုက်တာဖြစ်ပြီး အမှတ်တရဓာတ်ဖမ်းထားတဲ့ ပုံရိပ်လေးတွေကိုလည်း မျှဝေထားပါသေးတယ်..။

“ရုပ်ရှင်အစည်းအရုံး သက်ကြီးပူဇော်ပွဲအတွက်အလှူငွေ ၁၀သိန်းပါဝင်လှူဒါန်း.. အမြဲပေး ကမ်းနိုင်သူသာဖြစ်ရပါလို၏..” ဆိုပြီး အလှူအမှတ်တရပုံလေးကို ပြန်လည်မျှဝေထားတာ ဖြစ်ပါတယ်..။

အဲ့ဒီပို့စ်အောက်မှာ ပရိသတ်တွေကလည်း သဒ္ဓါတရားထက်သန်လွန်းတဲ့ စမိုင်းလ်တို့ မိသားစုလေးရဲ့ အလှူလေးကိုလည်း သဘောကျနေကြပြီး သာဓုခေါ်ဆုတောင်းစကား လေး တွေ ပြောထားကြပါတယ်နော်..။

Photo Credit – စမိုင်းလ် Smile’s Facebook REference & Credit:myanmarload.com

Comments are closed.