ရုပ်ရှင်ဇာတ်ကားကြီးအဖြစ် ရုံတင်ပြသတော့မယ့် ဒေါင်းနဲ့ ပိုင်ဖြိုးသုရဲ့ “အချစ်ဖြင့်လွမ်းစေ”

ရုပ်ရှင်ဇာတ်ကားကြီးအဖြစ် ရုံတင်ပြသတော့မယ့် ဒေါင်းနဲ့ ပိုင်ဖြိုးသုရဲ့ “အချစ်ဖြင့်လွမ်းစေ”

စာရေးဆရာမကြီး နုနုရည် အင်းဝ ရဲ့ နာမည်ကြီး ဝတ္ထုတစ်ပုဒ်ဖြစ်တဲ့ “အချစ်ဖြင့်လွမ်းစေ” ဇာတ်လမ်းတွဲက ဖေဖော်ဝါရီလအတွင်းက ဇာတ်လမ်းတွဲအဖြစ် ထုတ်လွှင့်ပြသခဲ့တာ ဖြစ်ပါတယ်။ ဇာတ်လမ်းတွဲအဖြစ် ပြသကတည်းက ပရိသတ်တွေရဲ့ ကြိုက်နှစ်သက် အားပေးမှုကို တစ်ခဲနက် ခံခဲ့ရတာ ဖြစ်ပါတယ်။ “အချစ်ဖြင့်လွမ်းစေ” ဇာတ်လမ်းတွဲကြီးက ရန်ကုန်တက္ကသိုလ် နှစ် ၁ဝဝ ပြည့် အထိမ်းအမှတ် ဂုဏ်ပြုရိုက်ကူးထားတာလို့ သိရပါတယ်။

“အချစ်ဖြင့်လွမ်းစေ” ဇာတ်လမ်းတွဲကြီးကို ဒါရိုက်တာ နေသန်မောင်ကရိုက်ကူူးခဲ့တာဖြစ်ပြီး အဓိကသရုပ်ဆောင်များအနေနဲ့ ဒေါင်း၊ ပိုင်ဖြိုးသု နဲ့ အိန်ဂျယ်လမုန်တို့က ပါဝင်သရုပ်ဆောင် ထားတာဖြစ်ပါတယ်။

“အချစ်ဖြင့်လွမ်းစေ” ဇာတ်လမ်းကို လွမ်းနေကြတဲ့ ပရိသတ်တွေအတွက် ရုပ်ရှင်ဇာတ်ကား ကြီးအဖြစ် ရုပ်ရှင်ရုံတွေမှာ ပြသသွားမယ်လို့ သတင်းကောင်းလေး ကြားသိရပါတယ်။

“အချစ်ဖြင့်လွမ်းစေ” ဇာတ်လမ်းတွဲရဲ့ အဓိက သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ပိုင်ဖြိုးသုက “အချစ်ဖြင့်လွမ်းစေ” ဇာတ်လမ်းလေးက ရုပ်ရှင်ဇာတ်ကားကြီးအဖြစ် ပြန်လာမယ်ဆိုရင် “မင်းလတ်” မိုးမူ” နဲ့ “ညို” တို့ကိုရုပ်ရှင်ရုံမှာ လာတွေ့ကြမှာလားဟင်😍🥰💓” ဆိုပြီး မေးထားပါတယ်။

“အချစ်ဖြင့်လွမ်းစေ” ဇာတ်လမ်းတွဲကြီးက ရုပ်ရှင်ဇာတ်ကားကြီးအဖြစ် ရုံတင်ပြသမယ်ဆိုရင် ပရိသတ်ကြီးက အားပေးမှာလားဆိုတာ ပြောပြခဲ့ဦးနော်။

Rowena
Source: အချစ်ဖြင့်လွမ်းစေ-Longing with Love,Reference& Credit:momolay.com

Comments are closed.