

Myanmar Media 7 Company မှထုတ်လုပ်ရိုက်ကူးခဲ့တဲ့ “အခမ်းနားဆုံးမေတ္တာ” ရုပ်ရှင် ဇာတ်ကားကြီးမှာ နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ အကယ်ဒမီနေတိုး၊ တိုင်ရွန်၊ သူရိယတို့နဲ့အတူတူ တက်သစ်စ မင်းသမီးလေး Beauty Blogger နေခြည်ဦးတို့က ပါဝင်သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ထိပ်တန်း ဒိတ်ဒိတ်ကြဲမင်းသားနဲ့ လူချစ်လူခင်များတဲ့ Beauty Blogger တို့ရဲ့ ရုပ်ရှင်ဇာတ်ကားကြီးမို့ ပရိသတ်တွေက စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။

အခမ်းနားဆုံးမေတ္တာ” ရုပ်ရှင်ဇာတ်ကားကြီးကို လူငယ်ဒါရိုက်တာ ပွင့်သီင်္ဂီဇော်က ဦးဆောင်ရိုက်ကူးထားပြီး သရုပ်ဆောင်တွေအနေနဲ့ နေတိုး ၊ ရဲအောင်၊ သူရိယ၊ တိုင်ရွန်၊ စိုးမြတ်သူဇာ၊ နေခြည်ဦးနဲ့ မေဘရဏီသော်တို့ ပါဝင်သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။

နေတိုးနဲ့ နေခြည်ဦးတို့ရဲ့ ပထမဦးဆုံး ဆုံတွေ့တဲ့ “အခမ်းနားဆုံးမေတ္တာ” ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် အောက်တိုဘာလ (၁၇) ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီဇာတ်ကားကြီးမှာ နေခြည်ဦးနဲ့ နေတိုးတို့ ဘယ်လိုအတွဲညီညီနဲ့ သရုပ်ဆောင်မလဲဆိုတာကို ပရိသတ်တွေက စိတ်ဝင်တစား စောင့်ကြည့်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေနဲ့အတူတူ နေခြည်ဦးနဲ့ နေတိုးတို့လဲ စိတ်လှုပ်ရှားနေကြမယ်ဆိုတာ သေချာပါတယ်။

“အခမ်းနားဆုံးမေတ္တာ” ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်မယ့်ရက်ကတော့ အတိအကျ ထွက်လာပြီမို့ နေတိုးနဲ့ နေခြည်ဦးတို့ရဲ့ ပရိသတ်တွေ ဆက်ဆက်သွားကြည့်ဖို့ မမေ့ပါနဲ့နော်။

Rowena
Source: Pwint Theingi Zaw’s fb, Reference & Credit:momolay.com

Comments are closed.