
ညီ၊ ညီမတွေအတွက် ယောကျာ်းပိုင်းလုံးလုပ်ပြီး ရှာကျွေးနေတဲ့ နေတိုးရဲ့ “စပွန်ဆာ” ရုပ်ရှင် Official Trailer
ယခု (၂၀၁၉) ခုနှစ်ကတော့ နေတိုးရဲ့ နှစ်လို့ ဆိုရလောက်အောင် နေတိုးပါဝင်သရုပ်ဆောင် ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ တစ်ကားပြီးတစ်ကား ရုံတင်နေတာ ဖြစ်ပါတယ်။ လက်ရှိ စက်တင်ဘာလအထိ ရုံတင်ပြီးသမျှ နေတိုးရဲ့ ရုပ်ရှင်ဇာတ်ကားတွေက တစ်ခုနဲ့တစ်ခု ကာရိုက်တာ လုံးဝမထပ်ပဲ ပရိသတ်တွေကို စိတ်ခံစားမှုအမျိုးမျိုး ပေးစွမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ မကြာခင် ရက်ပိုင်းအတွင်းမှာလည်း နေတိုးရဲ့ “စပွန်ဆာ” ရုပ်ရှင်ဇာတ်ကားကြီးကို ရုံတင်ပြသေ တာ့မှာ ဖြစ်ပါတယ်။

“စပွန်ဆာ” ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ အောင်ဇော်လင်းက ရိုက်ကူးပုံဖော်ထားတာြ ဖစ်ပြီး အကယ်ဒမီနေတိုး၊ ရဲလေး၊ ကျော်ကျော်၊ အကယ်ဒမီပိုင်ဖြိုးသု၊ အကယ်ဒမီ ဇင်ဝိုင်း၊ အကယ်ဒမီ မြတ်ကေသီအောင်နဲ့ အခြားသော သရုပ်ဆောင်များစွာ ပါဝင်ထားကြပါတယ်

“စပွန်ဆာ” ရုပ်ရှင်ဇာတ်ကားကြီးက အစ်ကိုကြီးအဖရာဆိုသလို ခက်ခဲကြမ်းတမ်းတဲ့ ဘဝအခြေအနေတွေကြားထဲက စပွန်ဆာဆိုတဲ့ ခေါင်းစဉ်အောက်မှာ နေတိုးတစ်ယောက် ဘယ်လိုရုန်းကန်မလဲဆိုတာ ကြည့်ရှုရမယ့် ဒရမ်မာဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။
စပွန်ဆာ Official Trailer
“စပွန်ဆာ” ရုပ်ရှင်ဇာတ်ကားကို လာမယ့် အောက်တိုဘာလ (၃) ရက်နေ့မှာ ရုံတင်ပြသမှာမို့ နေတိုးကိုချစ်တဲ့ ပရိသတ်တွေ ဆက်ဆက်အားပေးကြဖို့ မမေ့ပါနဲ့နော်။
Rowena
Source: စပွန်ဆာ ရုပ်ရှင်ဇာတ်ကား , Reference & Credit:momolay.com