Billboard နံပါတ္ (၁) ေနရာကို ရသြားတဲ့ Lil Wayne ရဲ႕ The Carter V Album

Billboard နံပါတ္ (၁) ေနရာကို ရသြားတဲ့ Lil Wayne ရဲ႕ The Carter V Album

Rapper တစ္ေယာက္ျဖစ္တဲ့ Lil Wayne ရဲ႕ How To Love သီခ်င္းကို မွတ္မိၾကဦးမွာပါ။ အဲ့ဒီနာမည္ၾကီးခဲ့တဲ့ How To Love သီခ်င္းက လြန္ခဲ့တဲ့ ၂၀၁၁ ခုႏွစ္ထဲက ထြက္ခဲ့တာျဖစ္သလုိ Lil Wayne လည္း အဲ့ဒီေနာက္ပိုင္းမွာ သီခ်င္းေတြဆိုတာ နည္းသြားျပီး ေပ်ာက္သြားသေလာက္ေတာင္ျဖစ္သြားခဲ့ပါတယ္။

ဒါေပမယ့္ Lil Wayne ဟာ အခုအခ်ိန္မွာေတာ့ Tha Carter V ဆုိတဲ့ Album အသစ္နဲ႔ ျပန္လာခဲ့ပါျပီ။ အခုလုိမ်ိဳး အခ်ိန္အၾကာၾကီးေပ်ာက္သြားေပမယ့္လည္း Lil Wayne ရဲ႕ အခု Album အသစ္က ေအာင္ျမင္မႈအၾကီးအက်ယ္ရရွိခဲ့ျပန္ပါတယ္။

ဘာေၾကာင့္လည္းဆုိရင္ US မွာတင္ စတင္ထြက္ရွိတဲ့ရက္သတၱပတ္မွာ Audio Stream ျပဳလုပ္သူေပါင္း သန္း ၄၀၀ အထိရွိခဲ့ျပီးေတာ့ နားဆင္သူေပါင္းအမ်ားဆံုးေနရာမွာ တတိယေနရာအထိေရာက္ရွိခဲ့တာျဖစ္ပါတယ္။ အဲ့ဒီအတြက္ Lil Wayne ရဲ႕ Tha Carter V အေရွ႕မွာ Drake ရဲ႕ Scorpion Album နဲ႔ Post Malone ရဲ႕ Beerbongs & Bentleys ေတြပဲရွိေတာ့တာျဖစ္ပါတယ္။

ဒါတင္မကေသးပါဘူး။ Lil Wayne ရဲ႕ Album အသစ္က Billboard မွာလည္း 200 Chart မွာ နံပါတ္ ၁ ေနရာကို ေရာက္ရွိသြားျပီျဖစ္ပါတယ္။ ဒါက Lil Wayne အတြက္ စတုတၳေျမာက္ေအာင္ျမင္မႈျဖစ္ျပီး အေရွ႕ပိုင္းမွာလည္း Tha Carter IV (2011) ၊ I am Note a Human Being (2010) နဲ႔ Tha Charter III (2008) Album ေတြနဲ႔ ရရွိဖူးတာျဖစ္ပါတယ္။ ဘာပဲျဖစ္ျဖစ္ Lil Wayne ရဲ႕ Album အသစ္ကို နားမေထာင္ရေသးဘူးဆုိရင္ အခုပဲ နားေထာင္ၾကည့္ပါဦး။

[Unicode]

Rapper တစ်ယောက်ဖြစ်တဲ့ Lil Wayne ရဲ့ How To Love သီချင်းကို မှတ်မိကြဦးမှာပါ။ အဲ့ဒီနာမည်ကြီးခဲ့တဲ့ How To Love သီချင်းက လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ်ထဲက ထွက်ခဲ့တာဖြစ်သလို Lil Wayne လည်း အဲ့ဒီနောက်ပိုင်းမှာ သီချင်းတွေဆိုတာ နည်းသွားပြီး ပျောက်သွားသလောက်တောင်ဖြစ်သွားခဲ့ပါတယ်။

ဒါပေမယ့် Lil Wayne ဟာ အခုအချိန်မှာတော့ Tha Carter V ဆိုတဲ့ Album အသစ်နဲ့ ပြန်လာခဲ့ပါပြီ။ အခုလိုမျိုး အချိန်အကြာကြီးပျောက်သွားပေမယ့်လည်း Lil Wayne ရဲ့ အခု Album အသစ်က အောင်မြင်မှုအကြီးအကျယ်ရရှိခဲ့ပြန်ပါတယ်။

ဘာကြောင့်လည်းဆိုရင် US မှာတင် စတင်ထွက်ရှိတဲ့ရက်သတ္တပတ်မှာ Audio Stream ပြုလုပ်သူပေါင်း သန်း ၄၀၀ အထိရှိခဲ့ပြီးတော့ နားဆင်သူပေါင်းအများဆုံးနေရာမှာ တတိယနေရာအထိရောက်ရှိခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် Lil Wayne ရဲ့ Tha Carter V အရှေ့မှာ Drake ရဲ့ Scorpion Album နဲ့ Post Malone ရဲ့ Beerbongs & Bentleys တွေပဲရှိတော့တာဖြစ်ပါတယ်။

ဒါတင်မကသေးပါဘူး။ Lil Wayne ရဲ့ Album အသစ်က Billboard မှာလည်း 200 Chart မှာ နံပါတ် ၁ နေရာကို ရောက်ရှိသွားပြီဖြစ်ပါတယ်။ ဒါက Lil Wayne အတွက် စတုတ္ထမြောက်အောင်မြင်မှုဖြစ်ပြီး အရှေ့ပိုင်းမှာလည်း Tha Carter IV (2011) ၊ I am Note a Human Being (2010) နဲ့ Tha Charter III (2008) Album တွေနဲ့ ရရှိဖူးတာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် Lil Wayne ရဲ့ Album အသစ်ကို နားမထောင်ရသေးဘူးဆိုရင် အခုပဲ နားထောင်ကြည့်ပါဦး။

Comments are closed.