ဘာဘီရုပ်လေး အသက်ဝင်လာသလို လှရက်လွန်းတဲ့ မိုးမြင့်သဇင်ရဲ့အမိုက်စားပုံရိပ်တွေ

ဘာဘီရုပ်လေး အသက်ဝင်လာသလို လှရက်လွန်းတဲ့ မိုးမြင့်သဇင်ရဲ့အမိုက်စားပုံရိပ်တွေ

ကျစ်လျစ်သွယ်လျပြီး အရမ်းကိုမိုက်တဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှကို ပိုင်ဆိုင်ထားတဲ့ အလန်းစား မော်ဒယ်မလေး မိုးမြင့်သဇင်ကတော့ အမြဲလိုလို သူမရဲ့အလှတရားတွေကို ယုံကြည်မှုရှိစွာ ချပြတတ်သူတစ်ဦးမို့ ပရိသတ်တွေကြားမှာ နာမည်ကြီးနေသူလေးပါ။ အကယ်ဒမီဗန်းကိုင်တစ်ဦးအနေနဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ခဲ့တဲ့ မိုးမြင့်သဇင်ကတော့ အနုပညာအလုပ်တွေကို နှစ်အတော်ကြာ အနားယူထားပြီး လက်ရှိမှာတော့ ဆက်တိုက် ပြန်လည်လုပ်ကိုင်နေတာ တွေ့ရပါတယ်။ လတ်တလောမှာတော့ မိုးမြင့်သဇင်က လှရက်လွန်းတဲ့ သူမရဲ့ပုံရိပ်တစ်ချို့ကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာကြောင့် ပရိသတ်တွေက အချစ်ပိုနေကြတာပါ။

မိုမိုလေးချစ်ပရိသတ်တွေအတွက် ဘာဘီရုပ်လေးတစ်ရုပ် အသက်ဝင် လာ သလားလို့တောင် အထင်မှားရလောက်တဲ့ မိုးမြင့်သဇင်ရဲ့ အမိုက်စား ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

မိုးမြင့်သဇင်ကတော့ “မင်းချစ်ဖို့ မလိုပါဘူး ငါ ချစ်နေဖို့ပဲ လိုတာပါ 💛💛” ဆိုပြီး အချစ်ကြီးတဲ့ သူမရဲ့အကြောင်းကို ထုတ်ပြောရင်း အလှပုံလေးတွေကို ဝေမျှပေးထားတာပါ။ အနုပညာကို ဝါသနာပါလွန်းလို့ ကြိုးစားလုပ်ကိုင်နေတဲ့ မိုးမြင့်သဇင်က Photo Model တစ်ဦးအနေနဲ့လည်း အောင်မြင်နေတာပဲ ဖြစ်ပါတယ်။

ခရီးသွားရတာ ဝါသနာပါလွန်းတဲ့ မိုးမြင့်သဇင်ကတော့ မကြာခဏ ဆိုသလို ခရီးထွက်ဖြစ်နေပြီး မကြာခဏဆိုသလို ခရီးသွားပုံ ရိပ်တွေ ကိုလည်း ပရိသတ်တွေကို ဝေမျှပေးလေ့ရှိပါတယ်။

မိုးမြင့်သဇင်ကတော့ လတ်တောမှာ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်ပြုလု ပ်ဖြ နတာဖြစ်ပြီး ပွဲတွေလည်း ဆက်တိုက် တက်ဖြစ်နေတာပါ။ ရုပ်ရှင်တွေလည်း ရိုက်ကူးထားတဲ့ မိုးမြင့် သဇင်ကတော့ သရုပ်ဆောင်ပိုင်းမှာလည်း ထူးချွန်သူတစ်ဦးပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းကိုလန်းတဲ့ မိုးမြင့်သဇင်လေးကိုချစ်ရင် share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Moe Myint Thazin’s Facebook
Photo; Pyae Sone Win , Reference & Credit: Momolay.com

Comments are closed.