
လက်မှတ်ထိုးပွဲမှာ နှစ်ယောက်သား ရယ်စရာလေးတွေပြောရင်းပွဲကျနေကြတဲ့ ရဲလေးနဲ့သက်မွန်မြင့် တို့ရဲ့Videoလေး
သက်မွန်မြင့်ကတော့ လတ်တလောမှာ ရုပ်ရှင်ဇာတ်ကားကြီးများသာမကပဲ ကြော်ငြာ ရိုက်ကူးရေးတွေလည်း လုပ်နေရတာပါ။ သူမရဲ့အားလပ်ချိန်များတွင်လည်း သားနဲ့သမီးအတူ အချိန်ကုန်ဆုံးလေ့ရှိတာပါ။ သူမရဲ့မိသားစုဘဝလေးဟာလည်း ပရိသတ်တွေအား ကျရ လော က်အောင် ကြည်နူးစရာကောင်းတာပါ။


လက်ရှိမှာလည်း သူမပါဝင်သရုပ်ဆောင်ထားတဲ့ ” ဘာလာလာ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကား ကြီး ရုံတင်ပြသနေပါပြီ။ ချစ်သက်ဟာ ဒီဇာတ်ကားကြီးမှာ သရုပ်ဆောင် မြင့်မြတ် ၊ရဲလေး တို့နဲ့အတူ ပါဝင်သရုပ်ဆောင်ထားတာပါ။ ဒီနေ့မှာလည်း ဒီဇာတ်ကားကြီးမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေနဲ့အတူ ပရိသတ်တွေအား အမှတ်တရလက်မှတ်ရေးထိုးရန် သမ္မတ ရုပ်ရှင်ရုံကို ရောက်ရှိနေတာပါ။

ချစ်သက်ဟာ သူမရဲ့လူမှုကွန်ယက်စာမျက်နှာတွင် လက်မှတ်ရေးထိုးပွဲမကျင်းပမီ Live လေးလွှင့်ခဲ့တာပါ။ ဒီ Live လေးမှာ ဒါရိုက်တာကိုဇော်(အာရုဏ်ဦး) ၊ရဲလေး၊ ဟန်နီ တို့နဲ့အတူ ရယ်စရာဟာသလေးတွေပြောပြီး ပွဲကျနေကြတာပါ။ ပရိသတ်တွေအတွက် ဒီဗီဒီယိုလေးကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။
Source- Thet Mon Myint’s Facebook Page & Photo Credit- Thet Mon Myint’s Facebook Page And Amazing Grace Photography , Reference & Credit: myanmarload.com