႐ုပ္ေခ်ာလြန္းတာေၾကာင့္ ေယာက်္ားေလးျဖစ္ေၾကာင္း ID ကတ္ထုတ္ျပရတဲ့ေကာင္ေလး

႐ုပ္ေခ်ာလြန္းတာေၾကာင့္ ေယာက်္ားေလးျဖစ္ေၾကာင္း ID ကတ္ထုတ္ျပရတဲ့ေကာင္ေလး

မေလးရွားက အသက္၂၂ အ႐ြယ္ရွိတဲ့ေကာင္ေလး Abdussalam Firdaus Abdul Aziz ဟာ အင္တာနက္မွာ ေရပန္းစားေနခဲ့ပါတယ္။ အေၾကာင္းကေတာ့ သူဟာ မိန္းမလွတေယာက္ ပုံစံျဖစ္ေနလို႔ပါတဲ့။ ဒီလိုမ်ိဳးေတြေၾကာင့္ လူေတြက သူဟာတကယ္ပဲ ေယာက်ာ္းလား၊ မိန္းမလားဆိုတာ ခြဲျခားရခက္ေနပါတယ္။ သူနာမည္ႀကီးလာရတာကေတာ့ ေဘာလုံးပြဲတခု သြားရာကေန စတယ္လို႔ သိရပါတယ္။

ေဘာလုံးပြဲမွာတာဝန္က်တဲ့ လုံၿခဳံေရးဝန္ထမ္းေတြက သူ႔ရဲ႕ခႏၶာကိုယ္ကို စစ္ေဆးဖို႔ ျငင္းပယ္ခဲ့ၿပီး အမ်ိဳးသမီးျဖစ္တယ္လို႔ မွတ္ယူတာေၾကာင့္ မွတ္ပုံတင္ကတ္ကိုသာ ေတာင္းယူၾကည့္ခဲ့ပါတယ္။ ဒီအေၾကာင္းအရာက မေလးရွားႏိုင္ငံမွာ နာမည္ႀကီးသြားခဲ့ၿပီး အင္တာနက္ေပၚ ေရာက္ရွိလာခဲ့ပါတယ္။

“က်ေနာ္က ေယာက်ာ္းပါလို႔ ေျပာတာကို သူတို႔က မယုံၾကဘူး။ မွတ္ပုံတင္ကတ္ကိုပဲ ေတာင္းၾကည့္ၾကတယ္”လို႔ Abdul Aziz က ဆိုပါတယ္။ စစ္ေဆးတဲ့သူေတြအေနနဲ႔ Abdul Aziz ရဲ႕ လည္ေစ့ကိုေတာ့ ျမင္မိဟန္ မတူပါဘူး။ ဒါေၾကာင့္လည္း သူ႔ကိုအမ်ိဳးသမီးလို႔ ထင္မိတာ ျဖစ္ပါလိမ့္မယ္။ Abdul Aziz အေနနဲ႔ကေတာာ့ ဒီလိုျဖစ္ရပ္ဟာ ပထမဆုံး မဟုတ္ေတာ့ပါဘူး။ သူဟာ ဒီလိုမ်ိဳး အမ်ိဳးသမီးတေယာက္လို ေခ်ာေမာေနတာေၾကာင့္ သူ႔ရဲ႕ဆံပင္ေတြကို ညႇပ္ဖို႔ဆုံးျဖတ္ခဲ့ပါေသးတယ္တဲ့။

ဆံပင္တိုညႇပ္လိုက္မွဘဲ လူေတြက သူ႔ကို Tomboy နဲ႔ပိုတူတယ္လို႔ ေျပာၾကတာေၾကာင့္ သူ႔အေနနဲ႔ ဆံပင္ရွည္ ျပန္ထားဖို႔ကိုပဲ ဆုံးျဖတ္ခဲ့ပါတယ္။ တြစ္တာ အသုံးျပဳသူတေယာက္ကေတာ့ သူ႔ကိုေယာက်ာ္းဆန္တဲ့ အသြင္အျပင္ လိုခ်င္ရင္ မုတ္ဆိတ္ေမႊးထားၾကည့္ေလလို႔ အႀကံေပးခဲ့ပါတယ္။

Abdul Aziz အေနနဲ႔ မုတ္ဆိတ္ေမြး ေရးေရးထားၾကည့္ခဲ့ၿပီး ဘယ္လိုမွ မလိုက္ဖက္တာေၾကာင့္ မုတ္ဆိတ္ထားဖို႔ အႀကံကိုလည္း လက္ေလွ်ာ့လိုက္ရပါတယ္။ ဒီလိုမ်ိဳးျဖစ္ရပ္ေတြ ေနာက္မွာ Abdul Aziz တေယာက္ သူ႔ရဲ႕ Instagram အေကာင့္မွာ like လုပ္သူနဲ႔ ကြန္မန႔္ေပးသူေတြ မ်ားလာခဲ့ပါတယ္။

အခ်ိဳ႕ကသူ႔ကို “ကမာၻ႔အေခ်ာဆုံးေယာက်္ား”လို႔ေတာင္ ေခၚေနၾကေလရဲ႕။ အရင္တုန္းက ဂ်ပန္လူမ်ိဳး Idegami Baku ဆိုတဲ့ ေကာင္ေလးတေယာက္က အမ်ိဳးသမီးနဲ႔တူလို႔ နာမည္ႀကီးခဲ့သလိုပဲ အခုဆိုရင္ Abdul Aziz ဟာ မိန္းမတေယာက္လို ေခ်ာေမာလွပတာေၾကာင့္ နာမည္ႀကီးေနၿပီ ျဖစ္ပါတယ္။

သူကေကာ ဒီလိုနာမည္ႀကီးလာတာေၾကာင့္ ပရိသတ္ေတြထပ္ရေအာင္ မီဒီယာေတြေရွ႕ေရာက္လာမလား ဒါမွမဟုတ္ ေအးေအးေဆးေဆးပဲ သာမန္ဘဝမွာပဲ ေနထိုင္မလားဆိုတာကေတာ့ ဘယ္သူမွမသိပါဘူး။ သင္တို႔ရဲ႕မ်က္စိထဲမွာေကာ သူကတကယ္ပဲေခ်ာတယ္လို႔ ထင္ပါသလား။

Credit-ဧရာဝတီလိုက္ဖ္စတိုင္

[UNICODE FONT]

မလေးရှားက အသက်၂၂ အရွယ်ရှိတဲ့ကောင်လေး Abdussalam Firdaus Abdul Aziz ဟာ အင်တာနက်မှာ ရေပန်းစားနေခဲ့ပါတယ်။ အကြောင်းကတော့ သူဟာ မိန်းမလှတယောက် ပုံစံဖြစ်နေလို့ပါတဲ့။ ဒီလိုမျိုးတွေကြောင့် လူတွေက သူဟာတကယ်ပဲ ယောကျာ်းလား၊ မိန်းမလားဆိုတာ ခွဲခြားရခက်နေပါတယ်။ သူနာမည်ကြီးလာရတာကတော့ ဘောလုံးပွဲတခု သွားရာကနေ စတယ်လို့ သိရပါတယ်။

ဘောလုံးပွဲမှာတာဝန်ကျတဲ့ လုံခြုံရေးဝန်ထမ်းတွေက သူ့ရဲ့ခန္ဓာကိုယ်ကို စစ်ဆေးဖို့ ငြင်းပယ်ခဲ့ပြီး အမျိုးသမီးဖြစ်တယ်လို့ မှတ်ယူတာကြောင့် မှတ်ပုံတင်ကတ်ကိုသာ တောင်းယူကြည့်ခဲ့ပါတယ်။ ဒီအကြောင်းအရာက မလေးရှားနိုင်ငံမှာ နာမည်ကြီးသွားခဲ့ပြီး အင်တာနက်ပေါ် ရောက်ရှိလာခဲ့ပါတယ်။

“ကျနော်က ယောကျာ်းပါလို့ ပြောတာကို သူတို့က မယုံကြဘူး။ မှတ်ပုံတင်ကတ်ကိုပဲ တောင်းကြည့်ကြတယ်”လို့ Abdul Aziz က ဆိုပါတယ်။ စစ်ဆေးတဲ့သူတွေအနေနဲ့ Abdul Aziz ရဲ့ လည်စေ့ကိုတော့ မြင်မိဟန် မတူပါဘူး။ ဒါကြောင့်လည်း သူ့ကိုအမျိုးသမီးလို့ ထင်မိတာ ဖြစ်ပါလိမ့်မယ်။ Abdul Aziz အနေနဲ့ကတောာ့ ဒီလိုဖြစ်ရပ်ဟာ ပထမဆုံး မဟုတ်တော့ပါဘူး။ သူဟာ ဒီလိုမျိုး အမျိုးသမီးတယောက်လို ချောမောနေတာကြောင့် သူ့ရဲ့ဆံပင်တွေကို ညှပ်ဖို့ဆုံးဖြတ်ခဲ့ပါသေးတယ်တဲ့။

ဆံပင်တိုညှပ်လိုက်မှဘဲ လူတွေက သူ့ကို Tomboy နဲ့ပိုတူတယ်လို့ ပြောကြတာကြောင့် သူ့အနေနဲ့ ဆံပင်ရှည် ပြန်ထားဖို့ကိုပဲ ဆုံးဖြတ်ခဲ့ပါတယ်။ တွစ်တာ အသုံးပြုသူတယောက်ကတော့ သူ့ကိုယောကျာ်းဆန်တဲ့ အသွင်အပြင် လိုချင်ရင် မုတ်ဆိတ်မွှေးထားကြည့်လေလို့ အကြံပေးခဲ့ပါတယ်။

Abdul Aziz အနေနဲ့ မုတ်ဆိတ်မွေး ရေးရေးထားကြည့်ခဲ့ပြီး ဘယ်လိုမှ မလိုက်ဖက်တာကြောင့် မုတ်ဆိတ်ထားဖို့ အကြံကိုလည်း လက်လျှော့လိုက်ရပါတယ်။ ဒီလိုမျိုးဖြစ်ရပ်တွေ နောက်မှာ Abdul Aziz တယောက် သူ့ရဲ့ Instagram အကောင့်မှာ like လုပ်သူနဲ့ ကွန်မန့်ပေးသူတွေ များလာခဲ့ပါတယ်။

အချို့ကသူ့ကို “ကမ္ဘာ့အချောဆုံးယောကျ်ား”လို့တောင် ခေါ်နေကြလေရဲ့။ အရင်တုန်းက ဂျပန်လူမျိုး Idegami Baku ဆိုတဲ့ ကောင်လေးတယောက်က အမျိုးသမီးနဲ့တူလို့ နာမည်ကြီးခဲ့သလိုပဲ အခုဆိုရင် Abdul Aziz ဟာ မိန်းမတယောက်လို ချောမောလှပတာကြောင့် နာမည်ကြီးနေပြီ ဖြစ်ပါတယ်။

သူကကော ဒီလိုနာမည်ကြီးလာတာကြောင့် ပရိသတ်တွေထပ်ရအောင် မီဒီယာတွေရှေ့ရောက်လာမလား ဒါမှမဟုတ် အေးအေးဆေးဆေးပဲ သာမန်ဘဝမှာပဲ နေထိုင်မလားဆိုတာကတော့ ဘယ်သူမှမသိပါဘူး။ သင်တို့ရဲ့မျက်စိထဲမှာကော သူကတကယ်ပဲချောတယ်လို့ ထင်ပါသလား။

Credit-ဧရာဝတီလိုက်ဖ်စတိုင်

Comments are closed.