အချိုရည်များက အသက်အန္တရာယ် ထိ ဒုက္ခပေးနိုင်

အချိုရည်များက အသက်အန္တရာယ် ထိ ဒုက္ခပေးနိုင်

အချိုရည်များက အသက်အန္တရာယ်ထိ ဒုက္ခပေးနိုင်

  • အချိုရည်များကြောင့်
    ကမ္ဘာတစ်ဝန်း နှစ်စဉ် အရွယ်ေ ရာက်ပြီး သူ
    (၁၈၄၀၀၀) ဝန်းကျင် သေဆုံးရကြောင်း
    သိပ္ပံပညာရှင်များက ပြောကြားသည်။
  • အမြုပ်ထသော အချိုရည်များ၊
    သစ်သီး ဖျော်ရည်များနှင့် အချိုဓာတ်
    ပါသော လက်ဖက်ရည် အေးများကြောင့်
    လူသေဆုံးရခြင်းသာ ရှိပြီး

ကျန်းမာရေး အတွက် အထောက်အကူ မဖြစ်ကြောင်း သိပ္ပံပညာရှင်များက ပြောကြားခဲ့သည်။

သိပ္ပံပညာရှင်များက ကမ္ဘာ့အစိုးရများ အနေဖြင့် အဆိုပါ အချိုရည်များကို လူအများ စားသောက်သည့် အစားအသောက် အဖြစ် ဦးစားပေးနေခြင်းကို တားမြစ်သင့်ပြီ
ဖြစ်ကြောင်း သတိပေးပြောကြားခဲ့သည်။

လေ့လာမှု အရ သကြားပါဝင်မှု များသော အချိုရည်များနှင့် ဆက်စပ် ဖြစ်ပွားသော ရောဂါများဖြင့် ကမ္ဘာတစ်ဝန်း တစ်နှစ်ကို ဆီးချိုရောဂါဖြင့် သေဆုံးသူ (၁၃၃၀၀၀) ရှိကြောင်း သုတေသီများက ပြောကြားခဲ့သည်။

ထို့ပြင် နှလုံးသွေးကြောဆိုင်ရာ ရောဂါများဖြင့် သေဆုံးသူ (၄၅၀၀၀) နှင့် ကင်ဆာကြောင့် သေဆုံးသူ (၆၄၅၀) ဦး ရှိကြောင်းလည်း သိရသည်။အဆိုပါ ရောဂါ သုံးမျိုးလုံးမှာ သကြား စားသုံးမှုများခြ င်းနှင့် ဆက်စပ်မှု ရှိနေကြာင်း သိရသည်။

ဗြိတိန်တွင် အချိုရည်များ သောက်သုံးခြင်းကြောင့် သေဆုံးသူ (၁၃၁၆) ဦး ရှိကြောင်း သိရသည်။မက္ကဆီကို နိုင်ငံသည်လည်း အသက် (၄၅) နှစ်အောက် လူရွယ်များ သေဆုံးမှု (၃၀) ရာခိုင်နှုန်းသည် အချိုရည်များနှင့် ဆက်စပ်နေကြောင်း သိရသည်။

ဂျပန်တွင်မူ အချိုရည်များနှင့် ဆက်စပ်သော ကျန်းမာရေး ဆိုးကျိုးကြောင့် သေဆုံးသူ တစ်ရာခိုင်နှုန်းသာ ရှိပြီး ကမ္ဘာပေါ်တွင် အနည်းဆုံးလည်း ဖြစ်သည်။အချိုရည်ကိုရှောင်ရှားပြီး
ကျမ်းမာတဲ့ဘဝကိုပိုင်ဆိုင်ကြပါစေ

Credit to The Messenger News Journal

(unicode)

အချိုရည်များက အသက်အန္တရာယ်ထိ ဒုက္ခပေးနိုင်

  • အချိုရည်များကြောင့်
    ကမ္ဘာတစ်ဝန်း နှစ်စဉ် အရွယ်ရောက်ပြီး သူ
    (၁၈၄၀၀၀) ဝန်းကျင် သေဆုံးရကြောင်း
    သိပ္ပံပညာရှင်များက ပြောကြားသည်။
  • အမြုပ်ထသော အချိုရည်များ၊
    သစ်သီး ဖျော်ရည်များနှင့် အချိုဓာတ်
    ပါသော လက်ဖက်ရည် အေးများကြောင့်
    လူသေဆုံးရခြင်းသာ ရှိပြီး

ကျန်းမာရေး အတွက် အထောက်အကူ မဖြစ်ကြောင်း သိပ္ပံပညာရှင်များက ပြောကြားခဲ့ သည်။သိပ္ပံပညာရှင်များက ကမ္ဘာ့အစိုးရများ အနေဖြင့် အဆိုပါ အချိုရည်များကို လူအ များ စားသောက်သည့် အစားအသောက် အဖြစ် ဦးစားပေးနေခြင်းကို တားမြစ်သင့်ပြီ
ဖြစ် ကြော င်း သတိပေးပြောကြားခဲ့သည်။

လေ့လာမှု အရ သကြားပါဝင်မှု များသော အချိုရည်များနှင့် ဆက်စပ် ဖြစ်ပွားသော ရောဂါများဖြင့် ကမ္ဘာတစ်ဝန်း တစ်နှစ်ကို ဆီးချိုရောဂါဖြင့် သေဆုံးသူ (၁၃၃၀၀၀) ရှိကြောင်း သုတေသီများက ပြောကြားခဲ့သည်။

ထို့ပြင် နှလုံးသွေးကြောဆိုင်ရာ ရောဂါများဖြင့် သေဆုံးသူ (၄၅၀၀၀) နှင့် ကင်ဆာကြောင့် သေဆုံးသူ (၆၄၅၀) ဦး ရှိကြောင်းလည်း သိရသည်။အဆိုပါ ရောဂါ သုံးမျိုးလုံးမှာ သကြား စားသုံးမှုများခြင်းနှင့် ဆက်စပ်မှု ရှိနေကြာင်း သိရသည်။

ဗြိတိန်တွင် အချိုရည်များ သောက်သုံးခြင်းကြောင့် သေဆုံးသူ (၁၃၁၆) ဦး ရှိကြောင်း သိရသည်။မက္ကဆီကို နိုင်ငံသည်လည်း အသက် (၄၅) နှစ်အောက် လူရွယ်များ သေဆုံးမှု (၃၀) ရာခိုင်နှုန်းသည် အချိုရည်များနှင့် ဆက်စပ်နေကြောင်း သိရသည်။ဂျပန်တွင်မူ အချိုရည်များနှင့် ဆက်စပ်သော ကျန်းမာရေး ဆိုးကျိုးကြောင့် သေဆုံးသူ တစ်ရာခိုင်နှုန်းသာ ရှိပြီး ကမ္ဘာပေါ်တွင် အနည်းဆုံးလည်း ဖြစ်သည်။

အချိုရည်ကိုရှောင်ရှားပြီးကျမ်းမာတဲ့ဘဝကိုပိုင်ဆိုင်ကြပါစေ

Credit to The Messenger News Journal

Comments are closed.