ကျောင်းမလာဘဲ လစာထုတ်စား သည့်ကိစ္စ ပညာရေးဝန်ထမ်း သုံးဦးကို စုံစမ်းစစ်ဆေးမည်

ကျောင်းမလာဘဲ လစာထုတ်စား သည့်ကိစ္စ ပညာရေးဝန်ထမ်း သုံးဦးကို စုံစမ်းစစ်ဆေးမည်

မွန်ပြည်နယ် ရေးမြို့နယ် ကလိတ်ထုတ်ကျေးရွာရှိ အလယ်တန်းကျောင်းမှာ ကျောင်းမ လာဘဲ လစာ ထုတ်စားနေတဲ့ ကျောင်းဆရာမနဲ့ မြို့နယ်ပညာရေးမှူး အပါအဝင် ကျောင်းအု ပ်ကို စုံစမ်းရေးအဖွဲ့ ဖွဲ့ပြီး စစ်ဆေးသွားမယ်လို့ မွန်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာထိန် လင်း က ပြောပါတယ်။

ဒီအလယ်တန်းကျောင်းက ကျောင်းဆရာမ ဒေါ်စန်းမာလာဟာ ကျောင်းမလာဘဲ လစာ ထုတ်နေတယ်လို့ ဒေသခံတွေက မွန်ပြည်နယ် လွှတ်တော်ကို တိုင်ကြားလာခဲ့တာပါ။

အခုလို တိုင်ကြားလာတဲ့အတွက်ကြောင့် စက်တင်ဘာ ၁၉ ရက်က ကျင်းပတဲ့ လွှတ်တော် အစည်းအဝေးမှာ ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က တာဝန်ပေါ့လျော့တဲ့ မြို့နယ်ပညာ ရေးမှူး အပါအဝင် သုံးဦးကို အရေးယူ ဆောင်ရွက်မှု ရှိ၊ မရှိ မေးခွန်း မေးမြန်းခဲ့တာပါ။

မြို့နယ်ပညာရေးမှူး အပါအဝင် သုံးဦးကို ရှေးဦးစုံစမ်းရေးအဖွဲ့ ဖွဲ့ပြီး စစ်ဆေး ဆောင်ရွက် သွားမယ့်အပြင် တွေ့ရှိအချက်အပေါ် မူတည်ပြီး အရေးယူ ဆောင်ရွက်သွားမယ်လို့ ဝန်ကြီး က ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဒါ့အပြင် အခုလို ဖြစ်စဉ်မျိုး ပြည်နယ်အတွင်း နောက်ထပ် မဖြစ်ပေါ်ရအောင် အစိုးရအနေနဲ့ ကြပ်မတ်ဆောင်ရွက်သွားမယ့်အပြင် ဝန်ထမ်း စည်းမျဉ်းစည်းကမ်းတွေ မလိုက်နာတဲ့ အရေးယူ ဆောင်ရွက်သွားမယ်လို့ ဝန်ကြီးက ဆိုပါတယ်။

( ယခုသတင်းအား DVB Multimedia Group မှဝယ်ယူပြီး တရားဝင်ခွင့်ပြုချက်ဖြင့် ဖော်ပြပါသည်။ )

Comments are closed.