ဘူးသီးတောင် တပ်မကို အေအေအဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်

ဘူးသီးတောင် တပ်မကို အေအေအဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်

ရခိုငပြှညနြယြ၊ ဘူးသီးတောငမြှို့နယြ အခှစေိုကြ စဈဆငရြေးကှပကြဲရေးဌာနခွုပြ (စကခ) တပမြ ၁၅ ကို စကတြငဘြာ ၂၀ ရကနြေ့ ညနေ ၅ နာရီလောကကြ အအအေဖှေဲ့က လကနကြ ကှီးနဲ့ ပဈခတခြဲ့တာကှောင့ြ အဆောကအြအုံတခွို ပကွစြီးသှားခဲ့ပှီး ကလးငယြ ၂ ဦး ဒဏရြာရ ရှိခဲ့တယလြို့ တပမြတောသြတငြးမှနပြှနကြှားရေးအဖှဲ့ အတှငြးရေးမှူး ဗိုလမြှူးခွုပြ ဇောမြ ငြးထှနြးက ပှောပါတယြ။

“ဒီနေ့ ညနေပိုင်းပါ၊ လက်နက်ကြီး ၄ လုံး ပစ်တယ်၊ ၃ လုံး ပေါက်ကွဲတယ်၊ အဝေးက လှမ်းပစ်တာပါ။ အဆောက်အအုံအချို့ ပျက်စီးသွားတယ်၊ ထိခိုက်ဒဏ်ရာရရှိသူကတော ကလေး ၂ ဦးပါ။ စိုးရိမ်စရာတော့ မရှိပါဘူး။”

အဆိုပါပစ်ခတ်ခံရတဲ့ တပ်မဟာ ဘူးသီးတောင်မြို့အရှေ့ဘက် ၃ မိုင်လောက်ကွာ ဘူးသီးတောင်-စိုင်းတင်ကားလမ်း ဘယ်ဘက်မှာ တည်ရှိတယ်လို့ သိရပါတယ်။

စက်တင်ဘာ ၁၉ ရက်နေ့ ည ၁၁ နာရီကျော်ကလည်း ဘူးသီးတောင်မြို့နယ် ဥယျာဉ်သာ ကျေးရွာ အရှေ့ဘက်ရှိ တပ်မတော်က နေရာယူထားတဲ့ ကျောင်းတောင် တောင်ကုန်းကို ရက္ခိုင့်တပ်တော်(အေအေ)က လာရောက် တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲ ဖြစ်ပွားခဲ့ တယ်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက အတည်ပြု ပြောကြားပါတယ်။

“တိုက်ပွဲ ဖြစ်ပွားခဲ့တာ မှန်တယ်။ ည ၁၁ နာရီကျော်မှာ ဥယျာဉ်သာကျေးရွာ အရှေ့ဘက် မှာ ရှိတဲ့ စေတီဟောင်းတောင်ကုန်းကို အေအေက လာရောက် ပစ်ခတ်တာကြောင့် တိုက်ပွဲ ဖြစ်ခဲ့တယ်၊ အထိအခိုက် တစုံတရာတော့ မရှိပါဘူး၊ စခန်းတောင်ကုန်းလည်း ဘာမှ မဖြစ်ပါဘူး။”

လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အပေါ် အေအေဘက်ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ်မတော် (MNTJP/MNDAA)၊ တအာင်း လွတ်မြောက်ရေးတပ်မတော် (PSLF/TNLA )၊ ရက္ခိုင့်တမပ်မတော် (ULA/AA) တို့ဟာ ၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ တဖက်သတ် အပစ်အခတ် ရပ်စဲကြောင်း စက်တင်ဘာ ၂ဝ ရက်နေ့က ထုတ်ပြန်ကြေညာထားပါတယ်။

( ယခုသတင်းအား DVB Multimedia Group မှဝယ်ယူပြီး တရားဝင်ခွင့်ပြုချက်ဖြင့် ဖော်ပြပါသည်။ )

Comments are closed.