ထိုင်းနိုင်ငံ ပြည်ပခရီးသွားဈေးကွက်ြ မှင့်တင်ရေးအတွက်ခရီးသွားသံတမန်အဖြစ် ခန့်အပ်ခံရတဲ့ ပိုင်တံခွန်

ထိုင်းနိုင်ငံ ပြည်ပခရီးသွားဈေးကွက်ြ မှင့်တင်ရေးအတွက်ခရီးသွားသံတမန်အဖြစ် ခန့်အပ်ခံရတဲ့ ပိုင်တံခွန်

နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ သရုပ်ဆောင်မော်ဒယ်လ် ပိုင်တံခွန် ဟာဆိုရင် ပရိသတ်ေ တွချစ်ခင်အားပေးရတဲ့ နိုင်ငံကျော်အနုပညာရှင်တစ်ဦးပါ။ ပိုင်တံခွန်က မော်ဒယ်လ် အလုပ် အပြင် သူပါဝင်သရုပ်ဆောင် ထားတဲ့ ဇာတ်ကားတွေရှိတာကြောင့် သူ့ကို အားပေးချစ်ခင်တဲ့ အမာခံပရိသတ်တွေ ရရှိပိုင်ဆိုင်ထားပြီပဲဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ မိုမိုလေးရဲ့ ချစ်ပရိ သတ်ေ တွ အတွက် ပိုင်တံခွန် က ထိုင်းနိုင်ငံ ပြည်ပခရီးသွားဈေးကွက်မြှင့်တင်ရေး အတွက် ခရီးသွားသံတမန်အဖြစ် ခန့်အပ်ခံရတဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ပိုင်တံခွန် က ခုနောက်ပိုင်းမှာ ပိုအောင်မြင်လာပြီး မြန်မာနိုင်ငံမှာသာမက ထိုင်နိုင်ငံမှာပါ ကြော်ငြာများ လက်ခံရိုက်ကူးနေပြီပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်အနေနဲ့လည်း ဇာတ်လမ်းတွဲများနဲ့ ရုပ်ရှင်ဇာတ်ကားများစွာလည်း ရိုက်ဖို့ရှိတယ်လို့ သိရပါတယ်။

လတ်တလောမှာ ပိုင်တံခွန် က အသက် ၂၃ နှစ်ပြည့် မွေးနေ့ပွဲကို ကျင်းပခဲ့ပြီး အလှူအတန်းများလည်း လုပ်တာတွေ့ရပါတယ်။

ပိုင်တံခွန်က ထိုင်းနိုင်ငံမှာ အမာခံပရိသတ်တွေရှိသလို ထိုင်းနိုင်ငံမှာ အောင်မြင်မှုတွေရနေတဲ့ မြန်မာနိုင်ငံမှာ သရုပ်ဆောင် မော်ဒယ်လ် တစ်ဦးဖြစ်တာကြောင့် ဒီနေ့မှာ Myanmar Tourism Ambassador ( THAILAND Inbound Tourism to Myanmar )ထိုင်းနိုင်ငံ ပြည်ပခရီးသွားဈေးကွက်မြှင့်တင်ရေးအတွက်ခရီးသွားသံတမန်အဖြစ် ခန့်အပ်ခံရတာပဲ ဖြစ်ပါတယ်။

အောင်မြင်မှုတွေများစွာရရှိနေတဲ့ ပိုက်တံခွန် အဖို့ Company တော်တော်များများကလည်း ပိုင်တံခွန် နဲ့ ကြော်ငြာတွေရိုက်လာတာတွေ့ရပါတယ်။

သံတမန် ခန့်အပ်ပွဲမှ ပိုင်တံခွန် ရဲ့ ပုံရိပ်ကလေးကို ဖော်ပြပေးလိုက်တယ်နော်။

ထိုင်းနိုင်ငံ ပြည်ပခရီးသွားဈေးကွက်မြှင့်တင်ရေးအတွက်ခရီးသွား သံတမန်အဖြစ် ခန့်အပ်ခံရတဲ့ ပိုင်တံခွန်

ပိုင်တံခွန် ရဲ့ သံတမန်ခန့်အပ်ပွဲမှ ပုံရိပ်ကလေးတွေကို ပရိသတ်တွေ သဘောကျလိမ့်မယ် ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ မိုမိုလေး ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Moekalay
Source;myo thwin , Reference & Credit:momolay.com

Comments are closed.