သီချင်းဆိုနေတုန်း ရုတ်တရက် ကျောင်းသူအုပ်စုလိုက်ကြီးရဲ့ ပြေးဖက်ခြင်းကို ခံလိုက်ရတဲ့ G Fatt ရဲ့ဗီဒီယို

သီချင်းဆိုနေတုန်း ရုတ်တရက် ကျောင်းသူအုပ်စုလိုက်ကြီးရဲ့ ပြေးဖက်ခြင်းကို ခံလိုက်ရတဲ့ G Fatt ရဲ့ဗီဒီယို



G fatt ကတော့ “နေပြည်တော်က မဟာပညာကိုယ်ပိုင်အထက်တန်းကျောင်းမှာ ဒီနေ့သွားဆိုတယ်နောက်ဆုံးအပုဒ်နဲ့လဲနှုတ်ဆက်ရော အားလုံးပြေးဖက်ကြပါလေရော 🤣😍အရမ်းပျော်ခဲ့ရတယ် .. အခုလို ချစ်ရတဲ့ကလေးတွေနဲ့ ဆုံခွင့်ပေးတဲ့ဆရာဆရာမ တွေကိုလဲ ကျေးဇူးအများကြီးတင်ပါတယ် ♥️🙏Gfatt” ဆိုပြီး ချစ်ဖို့ကောင်းတဲ့ ကလေးတွေကြောင့် အရမ်းပျော်ခဲ့တဲ့အကြောင်း တင်ထားတာပါ။

ကလေးတွေရဲ့ ဝန်းရံမှုကြောင့် G Fatt ကိုတောင် မမြင်ရတော့ဘူးနော်

အနုပညာကို ချစ်မြတ်နိုးလွန်းတဲ့ သူရဲ့စိတ်ကြောင့် တစ်နေ့တစ်ခြား အောင်မြင်မှုတွေတိုးလာတဲ့ အဆိုတော် G Fatt ကတော့ လက်ရှိမှာလည်း သီချင်းသစ်တွေ ဖန်တီးရင်း ပရိသတ်တွေကို ချပြဖို့ ကြိုးစားနေတာပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း ကျောင်းသူလေးတွေရဲ့ အားပေးမှု ကို ကြောက်ခမန်းလိလိ ရရှိခဲ့တဲ့ G Fatt ကို အားကျရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source:G Fatt’s Facebook,Reference& Credit:momolay.com

Comments are closed.