အကြီးအကျယ်သရဲခြောက်ခံဖူးခဲ့ကြတဲ့ Kpop Idol များ

အကြီးအကျယ်သရဲခြောက်ခံဖူးခဲ့ကြတဲ့ Kpop Idol များ

တချို့သော Kpop Idol တွေမှာလည်း သရဲခြောက်ခံခဲ့ရဖူးတဲ့အချိန်တွေရှိကြပါတယ်။ ဒီသ ရဲ ခြောက်ခံရတဲ့ အကြောင်းတွေဟာ ကြောက်ဖို့လည်းကောင်းသလို စိတ်ဝင်စားစရာ လ ည်း ကောင်းတတ်ကြပါသေးတယ်။ဒါကြောင့် ပရိသတ်ကြီးအတွက်KpopIdol တွေ ပြောြ ပခဲ့ဖူး တဲ့ သူတို့သရဲခြောက်ခံခဲ့ရတဲ့အကြောင်းတွေကို အခုလိုပဲဖော်ပြပေးလိုက်ရပါတယ်နော်။

Lisa(BLACKPINK)

Lisa သရဲခြောက်ခံခဲ့ရတာကတော့ Jisoo ရဲ့အခန်းထဲမှာပါတဲ့။Jisoo ကမျက်နှာသစ်နေချိန် Lisa က Jisoo အခန်းထဲမှာရှိနေတုန်း တစ်ယောက်ယောက်ကဧည့်ခန်းထဲဖြတ်လျှောက်သွားတာကို Lisa ကမြင်လိုက်ရတာပါ။Jisoo နဲ့ Rose’ ကအခန်းဘေးချင်းကပ်နေတာမလို့ အဲ့လူကို Rose’ လို့ထင်ခဲ့ပေမယ့် Rose’ ကအဲ့အချိန်အခန်းထဲမှာပဲရှိနေတာဖြစ်ပါတယ်။နောက်ညမှာတော့ Lisa တစ်ယောက်သူ့အခန်းထဲမှာအိပ်နေတုန်း လှုပ်မရတော့သလိုဖြစ်လာလို့မျက်စိဖွင့်ကြည့်တဲ့အချိန်မှာတော့ သူမရဲ့ကုတင်ပေါ်မှာလူတစ်ယောက်ထိုင်နေတာကိုမြင်ခဲ့ရပါတယ်တဲ့။

Taeyang(Bigbang)

Bigbang အဖွဲ့ဝင်တွေဟာ Trainee ဘဝကတည်းက သရဲအခြောက်ခံခဲ့ကြဖူးပေမယ့် Taeyang ကတော့ သူကိုယ်တိုင်မကြုံခဲ့ရခင်အထိ သရဲကိုမယုံခဲ့ပါဘူး။Taeyang ကြုံခဲ့ရတာကတော့ ညဘက်သူနိုးလာတုန်း ကွန်ပျူတာကသူ့ဟာသူပွင့်နေပြီး လျှာလေးလေးနဲ့တစ်ယောက်ယောက်ကစကားပြောတဲ့အသံတွေထွက်နေခဲ့တာပါ။ဒါကြောင့် Taeyang တစ်ယောက်လန့်သွားပြီး ရေချိုးခန်းထဲမျက်နှာသွားသစ်ခဲ့တဲ့အချိန်မှာ တစ်ယောက်ယောက်ကအထဲကိုဝင်လာဖို့တံခါးကိုတဖုန်းဖုန်းထုနေခဲ့တာပဲဖြစ်ပါတယ်။အဖွဲ့ဝင်တွေထဲကတစ်ယောက်လို့ထင်ခဲ့ပေမယ့် Taeyang ပြန်ထွက်လာတဲ့အချိန်မှာ ကျန်တဲ့အဖွဲ့ဝင်တွေအားလုံးကအိပ်နေတာပဲဖြစ်ပါတယ်တဲ့။

IU

IU ကြုံခဲ့ရတဲ့သရဲခြောက်ခံရတဲ့ဖြစ်ရပ်တွေထဲမှာ အကြောက်ရဆုံးကတော့ မင်းသမီး Seo Inyoung ကိုအိပ်မက်မက်တုန်းကပါတဲ့။မင်းသမီး Seo Inyoung က IU ဆီကို ရယ်မောရင်းလမ်းလျှောက်လာတာကိုအိပ်မက်မက်ခဲ့ပြီး မျက်လုံးဖွင့်ကြည့်တဲ့အခါမှာတော့ ရှုပ်ပွနေတဲ့ဆံပင်နဲ့ဖရိုဖရဲအဝတ်တွေဝတ်ထားတဲ့မိန်းကလေးတစ်ယောက်က သူမကုတင်ပေါ် ထိုင်နေတာကိုတွေ့ခဲ့ရပါတယ်။သေချာမော့ကြည့်ခဲ့တဲ့အခါမှာတော့ အဲ့မိန်းကလေးဟာ IU ကိုယ်တိုင်ပဲဖြစ်နေခဲ့ပါတယ်တဲ့။ဒီကိစ္စဖြစ်ပြီးနောက် IU ဟာခြောက်ခြားခဲ့ရပြီး အေဂျင်စီက CEO ကိုယ်တိုင် IU ကိုအဆောင်ကနေပြောင်းပြီး အိမ်မှာပြန်ပြောင်းနေစေခဲ့ရတဲ့အထိပါပဲ။

Solar(Mamamoo)

Mamamoo အဖွဲ့ဝင် Solar ကတော့ တစ် ညမှာအိပ်ပျော် နေတုန်း ခြေသံကြားရလို့နိုးလာခဲ့ရပါတယ်တဲ့။ခြေသံလာရာကိုသွားကြည့်တဲ့အချိန်မှာတော့ အဖွဲ့ဝင် Hwasa ကို အတွင်းခံဝတ်စုံတွေနဲ့ပဲတွေ့ရလို့ မြန်မြန်ရေသွားချိုးပြီးအဝတ်လဲဖို့ပြောခဲ့ပေမယ့် Hwasa ကဘာမှပြန်မဖြေဘဲဒီတိုင်းဖြတ်လျှောက်သွားခဲ့ပါတယ်။Solar ပြန်အိပ်ပြီးမနက်နိုးလာချိန်မှာမှ ပြန်စဉ်းစားမိတာကတော့ အဲ့အချိန်တုန်းက အဖွဲ့ဝင် Hwasa နဲ့ Wheein တို့က မွေးရပ်မြေ ကိုအလည်ပြန်သွားခဲ့ပြီး အဆောင်မှာရှိမနေခဲ့ကြပါဘူးတဲ့။Mamamoo ဟာ ထိုအရင်အဆောင်မှာနေတုန်းက အမြဲလိုလိုသရဲတွေအခြောက်ခံရပြီး Hwasa ပုံနဲ့သရဲကိုတော့အမြင်ခဲ့ရဆုံးပါပဲတဲ့။

winkie
Ref:Kstarlive

Comments are closed.