အနားယူပြီးနောက် ဇာတ်ကားရိုက်ကူးရေးတွေပြန်လုပ်ကြတော့မယ့် နာမည်ကျော် ထိုင်းမင်းသမီး (၃) လက်

အနားယူပြီးနောက် ဇာတ်ကားရိုက်ကူးရေးတွေပြန်လုပ်ကြတော့မယ့် နာမည်ကျော် ထိုင်းမင်းသမီး (၃) လက်

လက်ရှိ အာရှနိုင်ငံတွေမှာ လူကြိုက်များအောင်မြင်နေတဲ့ ထိုင်းသရုပ်ဆောင်မင်းသမီးတွေဆို တာ များစွာရှိတယ်ဆိုပေမယ့်လည်း အခုတင်ဆက်ဖော်ပြပေးချင်တဲ့ မင်းသမီး ၃ လက်ကတော့ ထိုင်းနိုင်ငံရဲ့ ဒိတ်ဒိတ်ကြဲ ထိပ်တန်းမင်းသမီးကြီးတွေလို့ ဆိုလို့ရပါတယ်။ သူမတို့တွေဟာ အချိန် တစ်ခုအကြာထိ ရိုက်ကူးရေးတွေကို ရပ်နားထားခဲ့ပြီးနောက် အခုဆိုရင် ဇာတ်ကား ရိုက်ကူးရေးတွေကို ပြန်လည်စတင်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

1. Ploy Chidjun

ကလေး ၄ ယောက်မိခင်ဖြစ်သူ Ploy Chidjun ဟာဆိုရင် အိမ်ထောင်ကျပြီးကတည်းက ဇာတ်ကားရိုက်ကူးမှုတွေကို ရပ်နားထားခဲ့တာဖြစ်ပါတယ်။ ရိုက်ကူးရေးတွေကို ၁၀ နှစ်ကျော်မျှ အနားယူခဲ့တဲ့ သူမဟာ အခုဆိုရင်တော့ ‘Samee See Thong’ ဆိုတဲ့ ဇာတ်လမ်းတွဲမှာ Katreeya English, Fluke Krirkphol တို့နဲ့အတူ ပါဝင်သရုပ်ဆောင်မှာဖြစ်တယ်လို့ သိရပါတယ်။

2. Aff Taksaorn


အဲဒီနောက်မှာတော့ Single Mother အဖြစ်နဲ့ နေထိုင်ခဲ့ပြီး အခုဆိုရင်တော့ သရုပ်ဆောင်နယ်ပယ်ထဲကို ပြန်လည်ဝင်ရောက်တော့မယ်လို့ သိရပါတယ်။ ထွက်ရှိလာတဲ့သတင်းတွေအရတော့ သူမနဲ့ တွဲဖက်သရုပ်ဆောင်မယ့် မင်းသားက သူမရဲ့ ဂျူနီယာဖြစ်သူ Tor Thanapob ဖြစ်ပြီး ရိုက်ကူးမယ့်ဇာတ်ကားနာမည်ကတော့ ထွက်ရှိလာခြင်းမရှိသေးပါဘူး။

3. Chompoo Araya

ထိုင်းနိုင်ငံရဲ့ အနုပညာကြေးအမြင့်ဆုံးသော ထိပ်တန်းမင်းသမီးဖြစ်တဲ့ Chompoo Araya ကိုတော့ ထိုင်းဒရမ်မာကြိုက် ပရိသတ်မှန်ရင် ရင်းနှီးပြီးသားဖြစ်ကြမှာပါ။ အလှမယ်အဖြစ် ကနေ သရုပ်ဆောင်နယ်ပယ်ထဲကို ဝင်ရောက်ခဲ့ကာ ဇာတ်လမ်းတွဲပေါင်းများစွာကို ရိုက်ကူးခဲ့ တဲ့အပြင် L’Oeal Paris ရဲ့ သံတမန်တစ်ယောက်လည်းဖြစ်၊ နိုင်ငံတကာဖက်ရှင်ပွဲတော်တွေနဲ့ ကိန်းစ်ရုပ်ရှင်ပွဲတော်ကိုလည်း အမြဲတမ်းတက်ရောက်ပေးရတဲ့ သူမဟာ ထိုင်းနိုင်ငံရဲ့ အနုပ ညာြ ပယုဂ်အဖြစ်နဲ့တောင် သတ်မှတ်ခံထားရသူ ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်မှာတော့ သူမနဲ့ ၆ နှစ်ကြာချစ်ကြိုက်ခဲ့တဲ့ လုပ်ငန်းရှင်သူဌေး Witsarut Rungsisingpipat နဲ့ လက်ထပ်ခဲ့ပြီး သူမတို့ရဲ့ မင်္ဂလာပွဲဟာဆိုရင် ထိုင်းနိုင်ငံရဲ့ အကြီး ကျယ် အခမ်းအနားဆုံး မင်္ဂလာပွဲအဖြစ်နဲ့ သတ်မှတ်ခံခဲ့ရပါတယ်။ လက်ထပ်ပြီး နောက် မှာတော့ ရိုက်ကူးရေးတွေကို ရပ်နားခဲ့ကာ ၂၀၁၇ ခုနှစ်မှာတော့ သားအမြွှာလေး ၂ ယောက်ကို မွေးဖွားခဲ့ပါတယ်။ အခုဆိုရင်တော့ သူမဟာ ‘Tootsie The Movie’ ဆိုတဲ့ ရုပ်ရှင်ကားမှာ Jaylerr Krissanapoom, Peak Patrasaya တို့နဲ့အတူ သရုပ်ဆောင်ပြီး ရိုက်ကူးရေး နယ်ပယ်ထဲကို ပြန်လည်ဝင်ရောက်တော့မယ်လို့ သိရပါတယ်။

Ref : Thai Update
Mia (Momolay) , Ref&Credit:momolay.com

Comments are closed.