(၁၇) မိနစ်အတွင်းမှာပဲ (၅) ဂိုးအထိ သွင်း ယူနိုင်ခဲ့တဲ့ မန်စီးတီးရဲ့ အလွ န်ေ ကြာက်စရာကောင်းတဲ့ တိုက်စစ် စွမ်းရည်

(၁၇) မိနစ်အတွင်းမှာပဲ (၅) ဂိုးအထိ သွင်း ယူနိုင်ခဲ့တဲ့ မန်စီးတီးရဲ့ အလွ န်ေ ကြာက်စရာကောင်းတဲ့ တိုက်စစ် စွမ်းရည်

ဒီတစ်ပတ်မှာတော့ မန်စီးတီးအသင်းက ကြောက်မက်ဖွယ်ရာတိုက်စစ်စွမ်းရည်ကို ပြသွားနို င် ခဲ့ပါတယ်။ မန်စီးတီးအသင်းအနေနဲ့ ပြီးခဲ့တဲ့ပွဲစဉ်မှာ နော့ဝှစ်ချ်ကို ရှုံးနိမ့်ခဲ့မှုအတွက် ပြန်လည်ေ ပါက်ကွဲခဲ့တယ်လို့ဆိုရမှာဖြစ်ပြီး ဝက်ဖို့ဒ်ကတော့ ဓားစာခံဖြစ်ခဲ့တယ်လို့ ဆိုရမှာပါ။ မန်စီးတီး အသင်းဟာ ဝက်ဖို့ဒ်ကိုအိမ်ကွင်းအီတီဟက်မှာ (၈) ဂိုးအထိ သွင်းယူပြီး ပြင်းပြင်းထန်ထန် ပေါက်ကွဲခဲ့တယ်လို့ ဆိုရမှာပါ။

ဒီပွဲစဉ်မှာ မန်စီးတီးဟာ တိုက်စစ်ပြီး တိုက်စစ်ဆင်ခဲ့ပြီး ပြိုင်ဘက်ကို အထာမထားဘဲ ဂိုးတွေ ရသလောက်သွင်းယူခဲ့တာပါ။ ပွဲစစချင်း (၁) မိနစ်အတွင်းမှာပဲ ဒေးဗစ်ဆေးလ်ဗားက မန်စီး တီးအတွက် ဦးဆောင်ဂိုးကို စတင်သွင်းယူပေးခဲ့ပါတယ်။

အဲဒီနောက် (၇) မိနစ်မှာ အဂူရို၊ (၁၂) မိနစ်မှာ မာရက်ဇ်၊ (၁၅) မိနစ်မှာ ဘာနာဒိုဆေးလ်ဗား၊ (၁၈) မိနစ်မှာ အော်တာမန်ဒီတို့က ဂိုးတွေ ဆက်တိုက်ဆိုသလို သွင်းယူသွားခဲ့တာပါ။ အဲဒီဂိုး (၅) ဂိုးစလုံးသွင်းယူချိန်ဟာ (၁၇) မိနစ်သာ ကြာမြင်ခဲ့တာတွေ့ရပါတယ်။

ဒါကြောင့် (၁၇) မိနစ်အတွင်း (၅) ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ မန်စီးတီးရဲ့တိုက်စစ်စွမ်းဆောင်ရည် ကတော့ တကယ့်ကို ကြောက်ခမန်းလိလိလို့ ဆိုရမှာပါ။ ကျန်ဂိုးတွေကိုတော့ (၄၈) မိနစ်နဲ့ (၆၀) မိနစ်တို့မှာ ဘာနာဒိုဆေးလ်ဗား၊ (၈၅) မိနစ်မှာ ပွဲစဉ်တစ်လျှောက်ခြေစွမ်းပြသနေတဲ့ ဒီဘရိုင်း တို့က သွင်းယူပေးသွားခဲ့တာပါ။

မန်စီးတီးရဲ့ကြောက်ခမန်းလိလိတိုက်စစ်အားက ပြိုင်ဘက်တွေအတွက် ထိတ်လန့်စရာြ ဖစ်ခဲ့ရသလို လီဗာပူးကိုလည်း ဖိအားပေးထားနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒီနှစ်ပရီးမီးယား လိဂ်ဖလား ယှဉ်ပြိုင်မှုကတော့ တကယ့်ကို အကြိတ်အနယ်ပါပဲ။

ဝက်ဖို့ဒ်နဲ့ပွဲစဉ်က မန်စီးတီးရဲ့သွင်းဂိုးများကို ခံစားကြည့်ခြင်း

Ref: Sportbible
Oz11(မိုမိုလေး)

Comments are closed.