Eternal Gosh ရဲ့ “ဝဋ်ကြွေး” သီချင်းကို ဟန်နေတာနဲ့အတူတူ တွဲဖက်သီဆိုခဲ့တဲ့ ခင်ဝင့်ဝါ

Eternal Gosh ရဲ့ “ဝဋ်ကြွေး” သီချင်းကို ဟန်နေတာနဲ့အတူတူ တွဲဖက်သီဆိုခဲ့တဲ့ ခင်ဝင့်ဝါ

Eternal Gosh ရဲ့ အဆိုတော့ ဟန်နေတာက အနုပညာပါရမီရှိရုံသာမက ရုပ်ရည်လေးက လည်း ချောမောတာကြောင့် ယောကျာ်းလေး၊ မိန်းကလေးမရွေး ကြိုက်နှစ်သက်ကြတာ ဖြစ်ပါတယ်။ ခင်ဝင့်ဝါကလည်း သူမရဲ့ အနုပညာနယ်ပယ်မှာ နေရာတစ်နေရာ အခိုင်အမာ ရရှိနေတဲ့ မင်းသမီးတစ်လက် ဖြစ်ပါတယ်။

ဟန်နေတာက ပြီးခဲ့တဲ့ရက်ပိုင်းက ခင်ဝင့်ဝါကို မွေးနေ့လက်ဆောင် ပန်းချီကားကြီးကို Surprise လုပ်ပြီး ပေးခဲ့တာကြောင့် ပရိသတ်တွေက သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာလည်း ခင်ဝင့်ဝါရဲ့ မွေးနေ့ပွဲမှာ ဟန်နေတာကို တွေ့ရပါတယ်၊ ဟန်နေတာက ဂစ်တာလေးတီးပေးရင်း ခင်ဝင့်ဝါက သီချင်းဆိုခဲ့တဲ့ ဗီဒီယိုလေးကို ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်နော်။

ခင်ဝင့်ဝါ့ ဟန်နေတာရဲ့ ဖျော်ဖြေမှု

ခင်ဝင့်ဝါကတော့ Eternal Gosh ရဲ့ Fan girl လေးပီသစွာနဲ့ “ဝဋ်ကြွေး” သီချင်းကို ဆိုပြသွားတာ အရမ်းမိုက်တာပဲနော်။ ပရိသတ်ကြီးလည်း ဒီပိုစ့်လေးကို သဘောကျရင် Like & Share လုပ်ဖို့ မမေ့ပါနဲ့နော်။

Rowena
Source: ဆယ့်နှစ်ကြိုးကဝေ’s fb, Ref &Credit:momolay.com

Comments are closed.